ဗီယက်နမ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁၃၃ ဒသမ ၆ သန်းရှိလာ

 

 

ဟနွိုင်း ဒီဇင်ဘာ ၁၄    
ဗီယက်နမ်နိုင်ငံတွင် ဒီဇင်ဘာ ၁၄ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက် ဖြစ်ပွားသူ ၁၅၂၂၀ ရှိလာကြောင်း ဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွား သူ ၁၇ ဦးနှင့် ပြည်တွင်းကူးစက် ဖြစ်ပွားသူ ၁၅၂၀၃ ဦးဖြစ်ကြောင်း ကျန်းမာရေး   ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ 
‌ကိုဗစ်-၁၉     ထပ်မံကူးစက် ဖြစ်ပွားမှုနှင့်အတူ    နိုင်ငံအတွင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ ပေါင်း   ၁၄၄၃၆၄၈ ဦး  အထိ ရှိလာပြီး    ၂၈၃၃၃ ဦး  သေဆုံး ခဲ့ကြောင်း    ကျန်းမာရေးဝန်ကြီး ဌာနက       ဆက်လက်သတင်း ထုတ်ပြန်ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက် ကူးစက် မှုအများစုမှာ  တောင်ပိုင်းဒေသ များမှဖြစ်ကာ  ကာမူပြည်နယ်မှ ၁၀၁၁ ဦး၊  ဟိုချီမင်းစီးတီးမှ ၉၉၁ ဦး၊ ဘင်ဖုပြည်နယ်မှ ၉၀၇ ဦး တို့ဖြစ်ကြသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ်-၁၉ ကင်းစင် သွားသူ ၁၀၆၀၄၃၆ ဦးရှိသည်။
ဒုတိယအကြိမ်    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ   ၅၈ ဒသမ ၆ သန်း        အပါအဝင် နိုင်ငံတစ်ဝန်း  ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးသူပေါင်းမှာလည်း ၁၃၃ ဒသမ ၆ သန်း  ရှိလာပြီဖြစ် သည်။ 
ဒီဇင်ဘာ   ၁၃   ရက်အထိ နိုင်ငံအတွင်း ပြည်တွင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ    ၁ ဒသမ ၄ သန်းကျော်        ရှိလာခဲ့ပြီဖြစ် သည်။
 ဆင်ဟွာ