ဗီယက်နမ်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၉၁ သန်းကျော်ရှိလာ

 

 

ဟနွိုင်း   နိုဝင်ဘာ   ၈   


ဗီယက်နမ်နိုင်ငံတွင်  နိုဝင်ဘာ ၈ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၇၉၅၄ ဦးရှိလာကြောင်း ဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွား သူ ၃၄ ဦးနှင့် ပြည်တွင်းကူးစက် ဖြစ်ပွားသူ ၇၉၅၄ ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ကြေညာသည်။ 
ကိုဗစ်-၁၉     ထပ်မံကူးစက် ဖြစ်ပွားမှုနှင့်အတူ    နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း ၉၇၆၆၇၂ ဦးအထိရှိလာပြီး  ၂၂၅၉၈     ဦး  သေဆုံးခဲ့ကြောင်း ကျန်းမာရေး        ဝန်ကြီးဌာနက ဆက်လက်     သတင်းထုတ်ပြန် ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက် မှုအများစုမှာ    တောင်ပိုင်းဒေသ များမှဖြစ်ကာ ကိုဗစ်-၁၉ ကူးစက် ရာ    ဗဟိုချက်   နေရာဖြစ်သည့် ဟိုချီမင်းစီးတီးမှ ၁၃၁၆ ဦး၊ အနီး နားရှိ ဘင်ဒေါင်းပြည်နယ်မှ ၈၂၃ ဦး နှင့်  ဒွန်နိုင်းပြည်နယ်မှ   ၉၆၉ ဦး တို့ ဖြစ်ကြသည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ  ပြန်လည်ကျန်းမာသူ ၈၄၁၄၇၅ ဦး ရှိလာပြီး        နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာလည်း   ၉၁   သန်း ကျော်လာပြီဖြစ်သည်။
နိုဝင်ဘာ   ၈   ရက်အထိ ဗီယက်နမ်နိုင်ငံတွင်   ပြည်တွင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ ၉၇၁၇၁၁ ဦးရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက    ထုတ်ပြန် လိုက်သည်။  
ဆင်ဟွာ