
ဟနွိုင်း အောက်တိုဘာ ၂၆
ဗီယက်နမ်နိုင်ငံတွင် အောက်တို ဘာ ၂၆ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၃၅၉၅ ဦး ရှိကြောင်း ဖော်ပြခဲ့ပြီး ပြည်ပ ကူးစက်သူ သုံးဦးနှင့် ပြည်တွင်းကူးစက်သူ ၃၅၉၂ ဦးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံ ကူးစက်မှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၈၉၆၁၇၄ ဦးအထိရှိလာပြီး ၂၁၈၀၂ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဆက်လက်သတင်းထုတ်ပြန် ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက် ကူးစက်မှု အများစုမှာ တောင်ပိုင်းဒေသများမှ ဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟို ချက်နေရာဖြစ်သည့် ဟိုချီမင်းမြို့မှ ၇၈၃ ဦး၊ အနီးနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၅၂၈ ဦးနှင့် ဒွန်နိုင်းပြည်နယ်မှ ၄၈၁ ဦးတို့ ဖြစ်ကြသည်။
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကျန်းမာလာသူ ၈၁၀၂၉၀ ရှိလာပြီး နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာလည်း ၇၅ သန်းနီးပါးရှိလာပြီ ဖြစ်သည်။
အောက်တိုဘာ ၂၆ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၈၉၁၃၈၉ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဆင်ဟွာ