
ဟနွိုင်း နိုဝင်ဘာ ၁၅
ဗီယက်နမ်နိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၈၆၁၆ ဦးရှိလာကြောင်း ဖော်ပြခဲ့ပြီး ပြည်ပကူးစက် ဖြစ်ပွားသူ ၁၃ ဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၈၆၀၃ ဦး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၀၃၅၁၃၈ ဦးအထိရှိလာပြီး ၂၃၁၈၃ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုအများစုမှာ တောင်ပိုင်းဒေသ များမှဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက်နေရာဖြစ်သည့် ဟိုချီမင်းမြို့မှ ၁၁၆၅ ဦး၊ အနီးနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၆၁၆ ဦးနှင့် အန်ဂိုင်းပြည်နယ်မှ ၆၆၀ တို့ ဖြစ်ကြသည်။
နိုဝင်ဘာ ၁၅ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၃၀၀၀၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်လိုက်သည်။
ဆင်ဟွာ