ဗြိတိန် အငယ်တန်းကျန်းမာရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

လန်ဒန်     မတ်     ၁၁ 
 
ဗြိတိန် အငယ်တန်းကျန်းမာရေးဝန်ကြီး နာဒိုင်ဒေါ်ရစ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထား ရသည်ကို ယနေ့ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။  ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အငယ်တန်းကျန်းမာရေးဝန်ကြီး နာဒိုင်ဒေါ်ရစ်အား သီးခြားစောင့်ကြည့်လျက်ရှိသည်။ 
ဗြိတိန်အောက်လွှတ်တော်  ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ  နာဒိုင်ဒေါ်ရစ်သည်  နိုင်ငံအတွင်း ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် စီစဉ်ဆောင်ရွက်မှုများကို ရှေ့တန်းမျက်နှာစာတွင် ကြိုးစား လုပ်ဆောင်ခဲ့ကြောင်း  ဗြိတိန်မီဒီယာများက  သတင်းဖော်ပြကြသည်။   ရောဂါလက္ခဏာများ ခံစားနေစဉ် ပါလီမန်အတွင်း ၎င်း၏ တာဝန်ဝတ္တရားများထမ်းဆောင်ခဲ့သည့်အပြင် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တက်ရောက်ခဲ့သည့် အစည်းအဝေးတွင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ 
 
နာဒိုင်ဒေါ်ရစ်နှင့် ထိတွေ့ဆက်ဆံခဲ့သူများကို စောင့်ကြည့်လျက်ရှိသည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ဆိုသည်။     
 
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-အောင်ကျော်ကျော်