ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၃၉၄၁ ဦး ထပ်မံတွေ့ရှိ

လန်ဒန်   အောက်တိုဘာ    ၂၈ 


ဗြိတိန်နိုင်ငံ၌  လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၄၃၉၄၁ ဦး ထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၈၈၉၇၁၄၉ ဦး ရှိလာ ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ 


အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကြောင့် ၂၀၇ ဦး ထပ်မံသေဆုံး ခဲ့ရာ  အဆိုပါရောဂါကြောင့်   သေဆုံးသူပေါင်း ၁၄၀၀၄၁ ဦးရှိလာကြောင်း သိရသည်။ 


လက်ရှိတွင်  လူနာ ၈၈၀၁ ဦး  ဆေးရုံများ၌ ဆေးဝါးကုသမှုခံယူနေရသည်။ 
ဗြိတိန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူ ၁၀ ဦးတွင် ကိုးဦးသည်     ကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ် ကြောင်း သို့မဟုတ် ရောဂါခုခံနိုင်သည့် ပဋိပစ္စည်းများ ရှိနေပြီဖြစ်ကြောင်း     စက်တင်ဘာ  ၂၇  ရက်တွင် ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်အရ သိရသည်။


ဗြိတိန်နိုင်ငံရှိ      အသက် ၁၂ နှစ်နှင့်အထက် ပြည်သူ ၈၆ ရာခိုင်နှုန်းကျော်သည်  ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ပြီး ၇၉ ရာခိုင်နှုန်း ကျော်သည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။ 


အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ တရုတ်နှင့် ဗြိတိန် နိုင်ငံတို့သည်  ၎င်းတို့၏ လူမှုစီးပွားဘဝကို မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်များကို   ဦးစားပေးဆောင်ရွက် လျက်ရှိသည်။

 
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်