
လန်ဒန် အောက်တိုဘာ ၂၂
ဗြိတိန်နိုင်ငံ၌ နေ့စဉ်ကူးစက်မှုမှာ ၅၀၀၀၀ အထိ ရှိလာသော်လည်း ကိုဗစ် - ၁၉ စီမံခန့်ခွဲရေးအစီအစဉ် များတွင် လက်ရှိကျင့်သုံးနေသည့် အစီအစဉ်များကို သာ ဆက်လက်ကျင့်သုံးသွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ပြောသည်။
ဗြိတိန်နိုင်ငံ၌ အောက်တိုဘာ ၂၁ ရက်က ကိုဗစ် - ၁၉ နေ့စဉ်ကူးစက်မှုနှုန်းမှာ ၅၀၀၀၀ အထက် တွင်ရှိပြီး ဇူလိုင်လလယ်မှစတင်ကာ ပထမဆုံး အကြိမ်အဖြစ် နေ့စဉ်ကူးစက်မှုနှုန်းမှာ ၅၀၀၀၀ အထက်တွင် ရှိနေခြင်းဖြစ်သည်။ ကူးစက်မှုများကို တိုက်ဖျက်ရန်အတွက် ပိုမိုပြင်းထန်သည့်တင်းကျပ်မှု များပြုလုပ်ရန် တောင်းဆိုမှုများ ရှိလာသည်။
ယခုလို ကူးစက်မှုအရေအတွက်တိုးလာခြင်းမှာ အစိုးရ၏ ပေါ့ဆမှုကြောင့်ဟု အောက်တိုဘာ ၂၀ ရက်တွင် ဗြိတိန်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း က စွပ်စွဲပြောဆိုခဲ့သည်။ ကူးစက်မှုပြင်းထန်သည့်နေရာများတွင် ပါးစပ်၊ နှာခေါင်းစည်းမဖြစ်မနေတပ် ဆင်ရန် အမိန့်ထုတ်ခြင်း အပါအဝင် ကူးစက်မှုကို လျှော့ချနိုင်ရေးအတွက် နောက်ထပ်အရေးယူ ဆောင်ရွက်မှုမျိုးကို အစိုးရက လုပ်ဆောင်ရန် ပျက်ကွက်သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကမူ ကူးစက်မှုများမှာ များပြားလာသည်မှန်သော်လည်း ကျွမ်းကျင်သူများ ခန့်မှန်းထားသည့်ဘောင်အတွင်း၌ သာရှိသည်ဟု အောက်တိုဘာ ၂၁ ရက်က ပြောသည်။
ဇူလိုင်လအတွင်းက ချမှတ်ခဲ့သည့် အစီအစဉ် အတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း လွန်ခဲ့ သည့်တစ်နှစ်ကနှင့် နှိုင်းယှဉ်လျှင် အခြေအနေများတိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်းနှင့် ကာကွယ် ဆေးထိုးပေးနိုင်ခြင်း၏ အကျိုးကျေးဇူးများပင်ဖြစ် သည်ဟု ဘောရစ်ဂျွန်ဆင်က ပြောသည်။
အပိုဆောင်း၍ ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည် ဟု ကတိပြုပြောကြားခဲ့သည်။ အင်္ဂလန်တွင် ကန့်သတ်ချက်များကို အားလုံးနီးပါးဖယ်ရှားပေးပြီးဖြစ်ကာ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်သည့် အရေအတွက်မှာလည်း လျော့နည်းလာသည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ