
လန်ဒန် နိုဝင်ဘာ ၂၄
ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၂၄၈၄ ဦးရှိခြင်းကြောင့် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှု စံချိန်တင်ခဲ့ပြီး နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၉၉၃၂၄၀၈ ဦးရှိလာကြောင်း ယနေ့ သတင်းများအရ သိရသည်။
သေဆုံးသူပေါင်း ၁၄၄၁၃၇ ဦးရှိ
ထို့ပြင် ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁၆၅ ဦး ထပ်မံတွေ့ရှိ ခဲ့ရာ လက်ရှိတွင် အဆိုပါရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၄၄၁၃၇ ဦးရှိလာ ပြီး ဆေးရုံများတွင် ဆေးဝါးကုသမှု ခံယူ လျက်ရှိသည့်လူနာ ၈၀၈၈ ဦးရှိကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့် အထက် အသက်အရွယ်ရှိသူအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၈၈ ရာခိုင်နှုန်း ကျော်သည် ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူ အားလုံး၏ ၂၇ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယ အကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ် ကြောင်းလည်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်