ဗြိတိန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်သိန်းကိုးသောင်းကျော် ရှိ

လန်ဒန်  ဇန်နဝါရီ  ၆


ဗြိတိန်နိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူပေါင်း   ၁၉၄၇၄၇ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့်   နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း  ၁၃၈၃၅၃၃၄ ဦး ရှိလာကြောင်း သိရသည်။


သေဆုံးသူပေါင်း   ၄၉၂၈၄ ဦး ရှိလာ


ထို့ပြင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉  ရောဂါကြောင့် သေဆုံးသူ ၃၃၄ ဦး  ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါ ရောဂါဖြင့်  သေဆုံးသူပေါင်း   ၄၉၂၈၄ ဦး  ရှိလာ ကြောင်းနှင့် ဆေးရုံများ၌   တက်ရောက်ဆေးဝါး ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၁၇၂၇၆ ဦး ရှိကြောင်း သိရသည်။


ဗြိတိန်နိုင်ငံ၌  အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏  ၉၀ ရာခိုင်နှုန်းကျော် သည်   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးပထမ အကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၈၂ ရာခိုင်နှုန်း သည် ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော် သည်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယ
အကြိမ် အပိုဆောင်းထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။


ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-အလင်းသစ်