
လန်ဒန် နိုဝင်ဘာ ၁၈
ဗြိတိသျှ အက်ဖ်-၃၅ တိုက်လေယာဉ်တစ်စင်း မြေထဲပင်လယ်တွင် ပုံမှန်စစ်ဆင်ရေးလုပ်ဆောင်နေစဉ် အတွင်း ပင်လယ်ထဲသို့ ပျက်ကျခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။
လေယာဉ်မှူးသည် ဘေးကင်းစွာဖြင့် တော်ဝင် ရေတပ် လေယာဉ်တင်သင်္ဘော အိတ်ချ်အမ်အက်စ် ထံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဝန်ကြီးဌာန က ဆက်လက်ဖော်ပြသည်။
အဆိုပါ မတော်တဆမှုသည် နိုင်ငံတကာ ရေပိုင် နက်တွင် ဂရင်းနစ်စံတော်ချိန် ၁၀ နာရီတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
ရှာဖွေလျက်ရှိ
စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ပြီး စက်ချွတ်ယွင်းမှုလား သို့မဟုတ် လူ့အမှားလား ဆိုသည်ကို ဦးတည်ရှာဖွေလျက်ရှိသည်။
အဆိုပါ လေယာဉ်တင်သင်္ဘောပေါ်တွင် ဗြိတိသျှ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ် ရှစ်စင်းနှင့် အမေ ရိကန် မရင်းတပ်ဖွဲ့မှ ၁၂ စင်း ရှိသည်။
အသံထက်မြန်သည့် တိုက်ခိုက်ရေးဂျက် လေယာဉ်များသည် တစ်စင်းကို ပေါင် ၉၂ သန်း (အမေရိကန်ဒေါ်လာ ၁၂၄ သန်း) တန်ဖိုးရှိပြီး အမေရိကန်ကုမ္ပဏီ လော့ခ်ဟိဒ်မာတင်က တည် ဆောက်ပေးခဲ့သည်။
ဆင်ဟွာ