ဗိုလ်တထောင်မြို့နယ်၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန်ကြိုးစားသူ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားသုံးဦးဒဏ်ရာရရှိ

 

နေပြည်တော်    ဩဂုတ်   ၁၁


ရန်ကုန်တိုင်းဒေသကြီး  ဗိုလ်တထောင်မြို့နယ်၌  အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး  လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများသိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန် ကြိုးစားသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကာ အမျိုးသား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ဩဂုတ် ၁၀ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊    ဗိုလ် တထောင်မြို့နယ်   အမှတ် (၆)ရပ်ကွက် (၄၄) လမ်း တိုက်အမှတ် (၁၆) (၃)လွှာ၌ ဖောက်ခွဲဖျက်ဆီး ရေးလုပ်ရပ်များတွင် အသုံးပြုရန် အတွက်    ပစ္စည်းများ     သိုဝှက် သိမ်းဆည်းထားရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော   ပူးပေါင်းအဖွဲ့က   သွား ရောက်    စစ်ဆေးခဲ့ရာ    အဆိုပါ တိုက်ခန်းအတွင်းမှ           သီဟ ကောင်းဆက် (၂၀) နှစ်ပါ အမျိုး သား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး တို့ကို   အကြမ်းဖက်လုပ်ရပ်များ တွင်      အသုံးပြုမည့်ပစ္စည်းများ ဖြစ်သော လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊     ယမ်းပျော့   နှစ်ချောင်း၊ တစ်ထုပ်လျှင် ဗြောက်အိုး ၅၀ ပါ အထုပ်     နှစ်ထုပ်    အပါအဝင် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ  တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

 


ထိုသို့     လုံခြုံရေးတပ်ဖွဲ့ဝင် များက        ဝင်ရောက်ရှာဖွေစဉ် အခန်းအတွင်း   ကျန်ရှိနေသည့် အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ ဖမ်းဆီးစစ်ဆေးခြင်းကို  ခံယူခြင်းမရှိဘဲ အဆိုပါတိုက်ခန်း (၃) လွှာ အနောက်ဘက်ရှိ ပြတင်း ပေါက်မှ ခုန်ချထွက်ပြေးခဲ့သဖြင့် တိုက်ခန်းအောက်ခြေရှိ ကွန်ကရစ် ကြမ်းပြင်ပေါ်သို့    ပြုတ်ကျခဲ့၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကာ အမျိုးသား သုံးဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် လိုအပ်သော ဆေးဝါး ကုသမှုခံယူနိုင်ရေး       အတွက် တပ်မတော်ဆေးရုံ     (ခုတင်-၁၀၀၀) သို့ ပို့ဆောင်ပေးခဲ့သည်။

 


အဆိုပါ    ဖြစ်စဉ်တွင်     လူ သေဆုံးမှုများနှင့်    ပတ်သက်၍ ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှု  သေခင်းရေးဖွင့်ဆောင်ရွက်လျက် ရှိပြီး  ဖမ်းဆီးရမိထားသူ  တရားခံ များနှင့် ဆက်စပ်တရားခံများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လက်  ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။


 သတင်းစဉ်