ဗိုင်းရပ်စ်ကူးစက်မှုများ များပြားနေသော်လည်း ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖြေလျှော့ပေးမည်

လန်ဒန်   ဇွန်   ၂၉


ကိုဗစ်-၁၉ ဗီဇပြောင်းဒယ်တာကူးစက်မှုကြောင့် ဗြိတိန်တွင် ကူးစက်မှုများမြင့်မားလျက်ရှိသည်။ သို့သော် လည်း အင်္ဂလန်တွင် ပိတ်ဆို့ကန့်သတ်ထားမှုများကို နောက်လတွင် ဖြေလျှော့ပေးသွားရန် အစိုးရက စီစဉ်ထားဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်းများအပေါ်မူတည်ကာ ဖြေလျှော့မှုများ လုပ်သင့် မလုပ်သင့် စဉ်းစားမည်ဖြစ်သည်။ 


နိုင်ငံအတွင်း နောက်ထပ်ကူးစက်ခံရမှုများထဲတွင် ဒယ်တာကူးစက်မှုမှာ ၉၅ ရာခိုင်နှုန်းနီးပါးရှိသည်။ ဇွန် ၂၈ ရက်တွင် နောက်ထပ်ကူးစက်ခံရသူအရေအတွက်မှာ ၂၂၈၆၈ ဦး ရှိသည်ဟု ကျန်းမာရေးအာဏာပိုင် များက အတည်ပြုပြောကြားခဲ့သည်။  ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်ကာ ပထမဆုံးအကြိမ်အဖြစ် ကူးစက်မှု ၂၀၀၀၀ အထက်ကို ကျော်လွန်သွားခြင်းပင်ဖြစ်သည်။


ကူးစက်မှုအရေအတွက်မှာ ဆက်လက်များပြားနေသော်လည်း သေဆုံးမှုမှာ နည်းပါးဆဲဖြစ်ပြီးယင်းမှာ လည်း ကာကွယ်ဆေးထိုးပေးခြင်း အကျိုးကျေးဇူးကြောင့်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးသစ် ဆာဂျစ် ဂျာဗစ်က ပြောသည်။                                                                                            

အင်န်အိတ်ချ်ကေ