
ကရာကက် ဇွန် ၂၉
ဗင်နီဇွဲလားနိုင်ငံ ကရာကက်မြို့ တွင် ကျန်းမာရေးအာဏာပိုင်များ က ဇွန် ၂၈ ရက်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရ သည်။
ကျူးဘားနိုင်ငံထုတ် Abdala ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ဒေသ တွင်း ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကျူးဘားပြည်သူများနှင့် လက်တွဲ တိုက်ဖျက်ရန် နားလည် မှုအရ ဗင်နီဇွဲလားနိုင်ငံသို့ ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ပထမဆုံးအသုတ်အဖြစ် ရောက်ရှိ ခဲ့သည်ဟု ဘိုင်အိုကျူးဘား ဖားမားမှ ဒေသတွင်းဆေး ထုတ်လုပ်သူ ကိုယ်စားလှယ် ပီဒရို အယ်မန်ဒရိစ်က ပြောသည်။
လတ်တလောတွင် ကျူးဘား နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံနှင့် သဘောတူစာချုပ် ချုပ်ဆိုထားပြီး ဗင်နီဇွဲလား ကျန်းမာရေးဝန်ကြီး ဌာနက ကိုဗစ် - ၁၉ ကာကွယ်ဆေး ၁၂ သန်းကို ဝယ်ယူရန် သဘောတူ ထားသည်။
ပထမဆုံး အသုတ်အဖြစ် ကာကွယ်ဆေး ၃၀၀၀၀ ရရှိခဲ့ပြီး လူပေါင်း ၁၀၀၀၀ ကို ကာကွယ် ဆေးထိုးပေးနိုင်ခဲ့သည်ဟု သိရ သည်။
ဆင်ဟွာ