
ဗန်းမောက် အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဗန်း မောက်မြို့နယ် တုန်းပင် ကျေးရွာအုပ်စု နားလိန်ခါးကျေးရွာ အနီးရှိ ကျောက်ရွှေမှော်တစ်ခုတွင် အောက်တိုဘာ ၁၄ ရက်ည ၂နာရီ ခန့်က ရွှေကျင်းများ မြေပြိုကျ၍ ရွှေလုပ်သားခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ဝက်ခေါက်ရွှေမှော်” ဟု အမည်ရသော ကျောက်ရွှေသတ္တု တူးဖော်နေသည့် အေးအေးခိုင်ရွှေ သတ္တုတူးဖော်ရေး ကုမ္ပဏီပိုင် ဧရိယာအတွင်း တစ်နိုင်တစ်ပိုင် ရွှေလုပ်ငန်း လုပ်ကိုင်ကြသူများ လုပ်ကိုင် စားသောက်နိုင် ရန် လုပ်ပိုင်ခွင့်ပေးထားသော အတောင် ၁၀၀ ကျော် အနက်ရှိ ကျောက်ရွှေသတ္တုကျင်း ၁၅ကျင်း ၌ ညဆိုင်းဆင်းနေကြသည့် ရွှေ လုပ်သားများမှာ ညဉ့်နက်ချိန်တွင် ၁၂ကျင်းပြိုကျခဲ့ပြီး အပေါ်ပိုင်းမှ မြေများထပ်၍ ပြိုကျလာခဲ့သော
ကြောင့် ကျင်းအနီးတွင် လူများ နေထိုင်ရန် တည်ဆောက်ထား သည့် တဲများပါ မြေပြိုကျရာသို့ပါ သွားသဖြင့် ရွှေလုပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း၊ စာရင်းသာ ရရှိထားသော်လည်း ရုပ်အလောင်းများ ရှာဖွေတွေ့ရှိ ခြင်း မရှိသေးကြောင်း၊ ရွှေကျင်း များ ပြိုကျနေသော နေရာသို့ ဗန်းမောက်မြို့မှ တာဝန်ရှိပုဂ္ဂိုလ် များ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး သေဆုံးသွားသည့် ရုပ် အလောင်း ခြောက်လောင်းကို ဘက်ဟိုး စက်ယန္တရားကြီး များဖြင့် တူးဖော်ရှာဖွေလျက်ရှိ ကြောင်း သိရသည်။
“အေးအေးခိုင် ကုမ္ပဏီပိုင် ရွှေလုပ်ကွက်ထဲက ရွှေကျင်း အဟောင်းတွေမှာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားပါစေဆိုပြီးပေးထားတဲ့ ရွှေကျင်းတွေမှာ ကျောက်၊ ရွှေ တူးနေကြတဲ့သူတွေ ကျင်းပြိုကျ ပြီးတော့ ခြောက်ဦးလောက် သေတယ်လို့ စာရင်းရထားပါတယ်။ အဲဒီသေဆုံးတဲ့ ခြောက်ဦးရဲ့ ရုပ်အလောင်းကို မနေ့ကတစ်ရက် လုံး စက်ယန္တရားကြီးတွေနဲ့ တူးဖော်ရှာဖွေနေတုန်းပါ။ မတွေ့ရ သေးဘူး။ ကျင်းတွေက အတောင် ၁၀၀ကျော်နက်တော့လည်း ရှာဖွေ ရတာ အခက်အခဲဖြစ်ရတယ်။ ဒီနေ့ ထပ်ရှာဦးမှာပါ။ ကြေးနန်း တော့ တင်ထားပါတယ်။ အမှုက တော့ မဖွင့်ရသေးပါဘူး”ဟု ဗန်းမောက်မြို့မ စခန်းမှူးက ပြောသည်။
ဗန်းမောက်မြို့နယ်တွင် ရှေး နှစ်ပေါင်းများစွာကတည်းက ရွှေ သတ္တုများစွာထွက်ရှိပြီး တစ်နိုင် တစ်ပိုင် ရွှေတူးဖော်ခြင်းဖြင့် ဒေသခံများ လုပ်ကိုင်စားသောက် နေထိုင်လာခဲ့ကြရာ စားဝတ်နေ ရေးနှင့် စီးပွားရေးများ အဆင်ပြေ ခဲ့ကြသော်လည်း လွန်ခဲ့သော နှစ် ပေါင်း ၂၀ မှစကာ ကျောက်ရွှေ သတ္တုတူးဖော်ခြင်း၊ ဗြုန်းစုပ်ရွှေ သတ္တုတူးဖော်ခြင်းနှင့် ကုတ်ဖျော ရွှေသတ္တုတူးဖော်ခြင်း လုပ်ငန်း များကို တောတောင်လယ်ယာ၊ ချောင်းမြောင်းများတွင် ဘက်ဟိုး စက်ယန္တရားကြီးများဖြင့် တရား ဝင်၊ တရားမဝင် လာရောက် လုပ်ကိုင်လာနေခြင်းများကြောင့် တောတောင်ရေမြေ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များ များစွာ ပျက်စီးလာနေပြီး တစ်နိုင်တစ်ပိုင် ရွှေတူးဖော် နေကြသူများမှာလည်း စက် ယန္တရားကြီးများဖြင့် မလုပ်ကိုင် နိုင်သောကြောင့် စီးပွားရေးနှင့် စားဝတ်နေရေး အဆင်မပြေမှု များ များစွာရှိနေကြပြီဖြစ်ကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)