
နေပြည်တော် စက်တင်ဘာ ၂၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၈ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ဗန်းမော်မြို့ မြို့မရပ်ကွက် ကမ်းနားလမ်း အနီး၌ မီတုံမျိုးဆန့် မောင်းနှင်ပြီး မီတုံ အေဒီဆိုင်းမိုင် လိုက်ပါလာသည့် ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မီတုံအေဒီဆိုင်းမိုင် မှာ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်း၍ တာပိန်မြစ် အတွင်းသို့ ခုန်ချထွက်ပြေးသွားခဲ့သဖြင့် မီတုံ မျိုးဆန့်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၆၀ ကို လည်းကောင်း။
အလားတူ စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ကရင်စာပေ(၅)လမ်းအနီး၌ မသင်္ကာဖွယ်ရပ်တန့်ထားသည့် ဆိုင်ကယ် တစ်စီးနှင့်အတူ ကျော်နိုင်ကို တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅၀ ကိုလည်းကောင်း၊ ထို့အတူ စက်တင် ဘာ ၂၈ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်သွား ကားလမ်း မိုင်တိုင်အမှတ်(၈၁/၄) ဒိုက်ဦး-စစ်တောင်း ဗျူဟာလမ်းဆုံပူးပေါင်းစစ်ဆေးရေးစခန်းအနီး၌ ဇင်မင်းဦး မောင်းနှင်လာ သည့်ယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၉၀၀ ကို လည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား