ဗန်းမော်နှင့် မြိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်    မေ   ၁ 
မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း  ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော   ပူးပေါင်းအဖွဲ့သည်  ဧပြီ ၃၀  ရက်   ညနေ  ၄  နာရီခွဲတွင် ဗန်းမော်မြို့နယ်   စီဟဲကျေးရွာ အနီး၊     ဗန်းမော်-မန္တလေး ကားလမ်းတွင် မကြွေ  မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည  ဒသမ ၃၄ ကီလို ကိုလည်းကောင်း၊ ထိုနေ့   မွန်းလွဲ   ၂  နာရီခွဲတွင်  မြိတ်မြို့နယ်     စန္ဒဝတ်ကျေးရွာ အုပ်စု   ကွမ်းသီးချောင်းကျေးရွာ အနီးတွင်  အေးမင်းထွေး    (ခ) မင်းမင်း (ခ) ခါလစ် မောင်းနှင်ပြီး အောင်ကိုမင်း   (ခ)   ဝေဇင်ဦး လိုက်ပါလာသည့်   ဆိုင်ကယ်ကို     ရပ်တန့်စစ်ဆေး        ရှာဖွေရာ ငွေကျပ် ၁၅၀၀ ဒသမ ၇၈  သိန်း တန်ဖိုးရှိ     စိတ်ကြွရူးသွပ်ဆေး ၅၀၀၂၆     ပြားကို  သိမ်းဆည်း ရမိခဲ့သဖြင့်   ၎င်းတို့အား    မူးယစ် ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲ စေသော     ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 
ရဲပြန်ကြား