ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း

Type
1

ဆရာကြည်

=======

 

 

ဘုရားလောင်းငယ်ဘဝ


ဘုရားလောင်း သားတော်အား  ပြုစုစောင့်ရှောက်ရန် သုဒ္ဓေါဒနမင်းကြီးသည် အထိန်းတော် မိန်းမပေါင်း ၂၄၀ ကို ရွေးချယ်ခန့်ထားပါသည်။ သားတော် မွေးဖွားပြီး ခုနစ်ရက်မြောက်သောနေ့တွင် မယ် တော်မာယာသည်  စုတေ၍     တုသိသာနတ်ပြည် မှာ “သန္တုဿိတ” မည်သော နတ်သား သွားဖြစ်ပါ သည်။  ယင်းသို့  မယ်တော် စုတေခြင်းကြောင့် ၎င်း၏ညီမတော်  မိထွေးတော်  မြောက်နန်းစံ မိဖုရား မဟာပဇာပတိ ဂေါတမီသည် သားတော် အရင်း နန္ဒမင်းသားကို နို့ထိန်းတို့ထံ အပ်နှင်း သည်။ ဘုရားလောင်းကို မိမိကိုယ်တိုင် နို့တိုက် သည်။ မွေးမြူ၏။ ပြုစုစောင့်ရှောက်ခဲ့ပါသည်။ 


လယ်ထွန်မင်္ဂလာပြုလုပ်ခြင်း 


ဘုရားလောင်း    တစ်လပြည့်သောအခါ သုဒ္ဓေါဒနမင်းကြီးသည် လယ်ထွန်မင်္ဂလာ ကျင်းပ ပါသည်။ ယင်းသို့  လယ်ထွန်မင်္ဂလာ   ပြုလုပ်ရာတွင် သားတော်အနီးရှိ    ဇမ္ဗုသပြေပင်ကြီးနေရာ၌ သားတော်ကို ခင်းကျင်းကာရံစီမံလျက် အထိန်း တော်မိန်းမများ စောင့်ရှောက်ထားပါသည်။ မင်းကြီး သည် လယ်ထွန်မင်္ဂလာသဘင်ကို ရှုမျှော်လျက် မေ့လျော့နေပါသည်။ ထိုအချိန်၌ ဘုရားလောင်း သားငယ်သည်  ၎င်းထားသောနေရာ၌  တင်ပျဉ် ခွေထိုင်လျက် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ ပထမဈာန်ဝင်စားတော်မူ၏။ ယင်းဘုရားလောင်း သမာပတ်ဝင်စားနေချိန်  နံနက်မှ ညနေအထိ သပြေပင်တို့အရိပ်သည် မပြောင်းလဲဘဲ ထီးမိုးထား သကဲ့သို့ တည်နေပါသည်။ 


ယင်းသို့ အဖြစ်အပျက်များကို အစောင့်ချထား သော မိန်းမများသည် မင်းကြီးအား သွားရောက် လျှောက်ထားကြပါသည်။ ယင်း အခြင်းအရာကို မင်းကြီးမြင်လျှင် အလွန်နှစ်သက်ဝမ်းမြောက်၍ လက်အုပ်ချီ၍ ရှိခိုးလေသည်။ (ဒုတိယအကြိမ် ဖြစ်ပါသည်။) 


မင်းကြီးသည်  သားတော် ခုနစ်နှစ်အရွယ် သို့ရောက်သော်    မင်္ဂလာရေကန်တော်ကို  စီမံ ဆောင်ရွက်ခဲ့ပါသည်။ သို့သော် ပြီးမြောက်မှုမရှိဘဲ ဖြစ်နေပါသည်။ ယင်းအကြောင်းအရာကို သိကြားမင်း သိသောအခါ  ဝိသကြုံနတ်သားအား တာဝန်ပေး သည်။ မင်္ဂလာရေကန်တော်  ဖန်တီးပေးစေလို ကြောင်း စေလွှတ်ခိုင်းစေ၏။ ဝိသကြုံနတ်သား သည် မြို့လေးမျက်နှာကို ညအချိန်တွင်    တစ်  ဂါဝုတ်မျှကျယ်သော ရေကန်တော်ကို ဘုရားလောင်း အတွက် ဖန်ဆင်းပေးသည်။    ထိုရေကန်သည် ရတနာခုနစ်ပါးဖြင့်ပြီး၏။   ရေကန်ကို အနား၌ ခုနစ်ရစ်သည် တံတိုင်းသုံးထပ် ဖြန့်ကြဲပေးထား၏။ ရေကန်ထဲ၌ ရတနာလှေ၊ ဖောင်သမ္ဗန်များ ဖန်ဆင်း ထား၏။     တလှိုင်လှိုင်မွှေးကြိုင်သော    ကြာမျိုး ခုနစ်မျိုးကို တစ်ကန့်စီ အဖူးအငုံတို့ဖြင့် ဝေဆာစွာ ဖန်တီးထား၏။ 


နံနက်လင်းသောအခါ ထိုရေကန်ကို လူတို့သည် ထူးဆန်းအံ့ဖွယ်   တွေ့မြင်ကြ၍   မင်းကြီးအား လျှောက်တင်ကြပါသည်။ မင်းကြီးသည် ဝမ်းမြောက် ဝမ်းသာစွာဖြင့် ကြည့်ရှုပြီး သားတော်၏ ဘုန်းတန်ခိုး တော်ကြောင့်  နတ်များဖန်ဆင်းသည်ဟု   ဆို၏။ သားတော်ကို  ထိုရေကန်၌  အခြွေအရံများဖြင့် ရေကစားစေလေသည်။ 
ဘုရားလောင်းအတွက်   သတို့သမီး  ဆက်သရန် ကြေညာခြင်း 


ဘုရားလောင်းသည် အသက် ၁၆ နှစ်အရွယ်သို့ ရောက်သည်ရှိသော် မင်းကြီးသည် သားတော်အတွက် ဆောင်း၊ နွေ၊ မိုး သုံးရာသီတွင် စံပျော်နေနိုင်ရန် ရွှေနန်းပြာသာဒ် သုံးဆောင် စီမံသည်။ ဘုံကိုးဆင့်ရှိ ဆောင်းရာသီစံပြာသာဒ်(ရမ္ဘ)၊     နွေရာသီစံဘုံ ငါးဆင့်ရှိ သုရမ္ဘနှင့်  ဘုံခုနစ်ဆင့်ရှိသော (သုဘ) နန်းပြာသာဒ်တို့ကို ရာသီအလိုက် ဝတ်စားဆင်ယင် ရန် အဝတ်အစားများနှင့် ပရိဘောဂများ စသည်တို့ကို စီမံဆောင်ရွက်ခဲ့ပါသည်။ 
ယင်းသို့ စီမံဆောင်ရွက်ပြီးသော နန်းပြာသာဒ် အဆောင်များကို သားတော်အား အပ်နှင်းခဲ့လေသည်။ သုဒ္ဓေါဒနမင်းကြီးသည် သိဒ္ဓတ္ထမင်းသားအား ဘုရား ဖြစ်ရန် မလိုလား၊ စကြာမင်းဖြစ်ရန်သာ လိုလား သည်။ ထို့ကြောင့် နိုင်ငံတော်ကို အုပ်ချုပ်စေချင်သည်။ ဇနီးမယား သားသမီးတို့နှင့် ပျော်ပါးပြီး တောထွက် ခြင်းမလုပ်နိုင်ရန်  ကြံစည်တော်မူ၏။ ထို့ကြောင့် ဆွေတော်မျိုးတော်ထံသို့ ရွှေပေလွှာဖြင့် သမီးရတနာ သားတော်နှင့် လက်ထပ်ရန် မှူးမတ်တို့အား ရာဇသံ ဖြင့် ပေးပို့စေခဲ့ပါသည်။ 
ထိုရာဇသံကို နှစ်ပြည်ထောင်ဖြစ်သော  ဒေဝ ဒဟပြည်၊ ကပိလဝတ်ပြည်တို့မှ ဆွေတော်မျိုးတော် များ ကြားရပါသည်။ ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း နှင့်တကွ     ဆွေတော်မျိုးတော်များက တွေးကြ ပါသည်။ သုဒ္ဓေါဒန၏ သားတော်သည် အဋ္ဌာရသ အတတ်ပညာ ၁၈ရပ်ကိုလည်း မသင်ယူပါ။ နန်းတော် အတွင်း ပုဏ္ဏားများ၏ ဟောပြောမြှောက်စားချက် ဖြင့် မာန်တက်နေခြင်းသာ ဖြစ်သည်။ ရုပ်ဟန်ပန်ချော လှသော်လည်း အတတ်ပညာ မရှိပါ။ ပေါက်ပန်းနှင့် သာတူသည်။    တစ်ဖက်ရန်သူများ  တိုက်ခိုက် လာသောအခါ ရှုံးနိမ့်မည်။  ယင်းသို့  တွေးတော ချက်ကြောင့် ၎င်းမင်းသားနှင့်  သူတို့သမီး ထိမ်းမြား ပေးရန်မသင့်ဟု တွေးကြပါသည်။ 
ယင်းသတင်းစကားကို   သုဒ္ဓေါဒနမင်းကြီး ကြားသောအခါ သားတော်အား ဆွေတော်မျိုးတော် များ၏ တွေးတောချက်ကို ပြောပြသည်။ ထို့ကြောင့် မင်းတို့တတ်အပ်သော အတတ်ပညာ ၁၈ ရပ်ကို သင်ယူရန် ပြောသည်။ ထိုအခါတွင် သိဒ္ဓတ္ထမင်းသည် သူတတ်သောပညာကို တတ်ကြောင်းပြော၍ ဤနေ့ မှ ခုနစ်ရက်မြောက်တွင် လေးအတတ်ကို ပြပါမည်။ ဖခင် စီမံတော်မူပါဟု ပြောသည်။ ထိုအခါ မင်းကြီး သည် အားရနှစ်သက်တော်မူပါသည်။  မင်းရင်ပြင်၌ ကြီးကျယ်ခမ်းနားသောမဏ္ဍပ်ကို  ဆောက်လုပ် စေခဲ့ပါသည်။ 


ဘုရားလောင်း လေးအတတ်ပညာကို ပြသခန်း 


ဘုရားလောင်းသည်       ခုနစ်ရက်မြောက် သောနေ့တွင်   ကပိလဝတ်ပြည်   မှူးမတ်မင်း စသည် ဆုံသောအခါ၌ လေးအတတ်ပညာများကို ပြသ လေသည်။ ထို့ အပြင် ကျော်ကြားသော လေးအတတ် ပညာနှင့် (အက္ခရာဝေဓိ၊ ဝါလဝေဓိ၊ သရဝေဓိ၊ သဒ္ဒ ဝေဓိ) စသည့် လေးသည်ပညာရှင်များကို  စုဝေး လျက်၎င်းတို့ရှေ့တွင်ပင် လေးအတတ်ပညာကို ပြသစေပါသည်။ မြားရေး ငယ် ၁၂ ပါး၊ မြားရေးကြီး လေးပါး ပြသလေသည်။ လေးမြားအစွမ်း ခုနစ်ပါး ကိုလည်း ပြသခဲ့ပါသည်။ တစ်မြို့လုံးပဲ့တင်သံထပ်၍ အားပေးကြပါသည်။ 


ထို့နောက် ဘုရားလောင်းသည် မင်းတကာတို့   တတ်အပ်သောပညာဖြစ်သည့် ဆင်စီး၊ မြင်းစီး၊ စက်မီး၊ ဓားတင်၊ ကာငင်၊ လှံထိုး အတတ်ပညာကို ပြသပါသည်။ လောက၌  မကြားဖူးသော အတတ် ပညာများကို ပြသခဲ့ပါသည်။ လူ၊ နတ်၊ ဗြဟ္မာတို့က ကောင်းချီးသြဘာပေး      ချီးမြှောက်သည်။ တစ်လောကလုံး ပဲ့တင်ထပ်သွားလေသည်။ 


ယသောဓရာနှင့် လက်ထပ်ထိမ်းမြားခြင်း


 ယင်းသို့ဖြင့် ဘုရားလောင်း၏ မင်းတို့တတ် အပ်သော ပညာကိုသူတတ်ကြောင်းကို ပြသခဲ့၏။ ထိုပြချက်ကို ဆွေတော်မျိုးတော်တို့က ကောင်းချီး ပေးသည်။ သမီးတော် ကညာများ၊ လက်ဆောင် ပဏ္ဏာများ  ဆက်သကြပါသည်။   သမီးတော် လေးသောင်းမျှ  ဆက်သပေးလာကြပါသည်။
ဘုရားလောင်းသည် ဒေဝဒဟပြည့်ရှင် သုပ္ပ ဗုဒ္ဓ၏သမီးတော် ဘဒ္ဒကဉ္စနာကို  ရွေး၍   “ယသော ဓရာ ဗိမ္မာဒေဝီ”ဟူသော အမည်ဖြင့် ဘိသိက်ခံ၍ နန်းပြာသာဒ် သုံးဆောင်၌ ခံတော်မူလေသည်။  ယသောဓရာ   (ဘဒ္ဒကဉ္စနာ)  သည်   နတ်သမီး တမျှ လှပပါသည်။ ကောင်းခြင်းငါးဖြာ၊ မိန်းမတို့၏ အင်္ဂါနှင့်လည်း ပြည့်စုံပေသည်။ ဤသို့သောအားဖြင့် ဘုရားလောင်းသည် ထီးနန်းစည်းစိမ်ကို ၁၃ နှစ် တိတိ ခံစားခဲ့ပါသည်။ 


နိမိတ်ကြီးလေးပါးကိုမြင်ခြင်း


ဘုရားလောင်းသည်   သက်တော် ၂၈ နှစ် မဟာသက္ကရာဇ် (၉၆) သို့  ရောက်သောအခါ နန်းစည်းစိမ်ကို ခံစားနေစဉ် ဥယျာဉ်တော် လှည့် ချင်သောဆန္ဒတော် ဖြစ်သည်။  ထိုအခါ၌ သိန္ဓော မြင်းလေးကောင်ကသော    ရထားဖြင့် ဥယျာဉ် တော်သို့ ထွက်လာခဲ့သည်။   ယင်းသို့အဖြစ်ကို တုသိတာနတ်ပြည်မှ နတ်အပေါင်းတို့သည် ဘုရား လောင်း သံဝေဂရ၍ ရဟန်းပြုချိန်တန်သောကြောင့် ရထားရှေ့တွင် ဇရာအသွင်အဘိုးအိုအဖြစ် “သူအို” ယောင် ဖန်ဆင်း၍ ဘုရားလောင်းနှင့် ရထားမှူး ဆန္နအမတ်တို့သာ    မြင်အောင်ပြလေသည်။ ဘုရားလောင်းသည် “သူအို”ကို မြင်လျှင် ရထားမှူး အား “ငါလည်းပဲ တစ်နေ့ ဤ ]သူအို}  လို အိုရဦး မည်လား”ဟု မေးသည်။   ရထားမှူးကလည်း သတ္တဝါတိုင်း ထိုသို့ “အို”ရဦးမည်ဟု  ဖြေလေသည်။ 


ဘုရားလောင်းသည် ထိတ်လန့်၍ သံဝေဂရပြီး နန်းတော်သို့ လှည့်ပြန်တော်မူသည်။ ထို အကြောင်း ကို ဖခင်   သုဒ္ဓေါဒနမင်းသိသော် ယင်းသို့မမြင်ရ အောင် အစောင့်အရှောက်တို့ကို  ပိုချတိုးချဲ့စေ ပါသည်။ ထို့နောက် လေးလကြာပြီးသော် ဘုရား လောင်းသည် မင်္ဂလာဥယျာဉ်တော်သို့ ရထားဖြင့် ထွက်ခဲ့ပြန်ပါသည်။ နတ်တို့ကလည်း ရှေ့နည်းတူ “သူနာ”ယောင်ဆောင်၍ ရထားရှေ့မှ ပြသသည်။ ယင်းအကြောင်းကို ရထားမှူးအား မေးပြန်သည်။ “သတ္တဝါတိုင်း ပြေးမလွတ်ဘဲ ထိုနာသူကဲ့သို့ မိမိ လည်း နာရဦးမည်”ဟု ဖြေကြားပါသည်။ ဘုရားလောင်း လည်း   ထိတ်လန့်သံဝေဂရတော်မူပြီး နန်းတော်သို့ လှည့်ပြန်ခဲ့ပါသည်။          စာမျက်နှာ ၂၁ သို့ b