ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ရှမ်းပြည်နယ်)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

 

၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်
၁။    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရှိ တပ်မတော်ဆေးရုံအား အကြမ်းဖက်သောင်းကျန်းသူ MNDAA အဖွဲ့မှ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
၂။     ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူ MNDAA အဖွဲ့သည် စစ်ရေးနှင့်မသက်ဆိုင်သည့် လားရှိုးမြို့ အတွင်း ရပ်ကွက်များသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ကျန်ရှိသည့် ဒေသခံပြည်သူများမှလည်း နေရပ်စွန့်ခွာပြီး ယာယီတိုက်ပွဲရှောင်နေရ၍ လူမှုစီးပွားဘဝများ ဆုံးရှုံးရလျက်ရှိကြောင်း သိရှိရပါသည်။
၃။     ထိုသို့ အကြမ်းဖက်သောင်းကျန်းသူ MNDAA အဖွဲ့မှ စစ်ရေးနှင့်မသက်ဆိုင်သည့် ဒေသခံပြည်သူ များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများ ဆေးရုံတက်ရောက်ကုသနေသည့် ဆေးရုံအား အကြမ်း ဖက်တိုက်ခိုက်ခြင်း၊ လူနေရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ Drone များဖြင့် တိုက်ခိုက်ခြင်းနှင့် သာသနိက အဆောက်အဦများ စစ်ရေးအတွက် အသုံးပြုနေခြင်းတို့ကို ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA(ရှမ်းပြည်နယ်)က လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ရှမ်းပြည်နယ်)