Burmese Golf Open Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပြီးစီး

 

ရန်ကုန်  ဩဂုတ်  ၃၁


မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်ကြီးမှူး၍ Burmese Golf (BG) က   အဓိကကူညီ ပံ့ပိုးသော  Burmese Golf Open Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ       ဒုတိယနေ့နှင့် ဆုချီးမြှင့်ပွဲကို     သြဂုတ် ၃၁ ရက်က  ရန်ကုန်မြို့ရှိ       ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)    ၌   ဆက်လက်ကျင်းပသည်။ 

 


ပြိုင်ပွဲများအပြီးတွင်     ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရာ       မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက  နှုတ်ခွန်းဆက်အမှာစကား   ပြောကြား သည်။    ယင်းနောက် Burmese Golf Myanmar မှ ဒါရိုက်တာ ဦးရဲလွင်ဦးက  အသက်  ၁၂   နှစ်အောက်    သက်တမ်း တွင် စုစုပေါင်းရိုက်ချက်    ၁၇၃     ချက်ဖြင့် တတိယဆုရရှိသော ဘုန်းပြည့်ဖြိုးဟိန်း(တောင်ငူ)    စုစုပေါင်းရိုက်ချက် ၁၇၂ ချက်ဖြင့် ဒုတိယဆုရရှိသော  ချွယ်ဝမ် (ရန်ကုန်)၊ စုစုပေါင်းရိုက်ချက် ၁၇၁ ချက်ဖြင့်  ပထမဆုရရှိသော ထူးမြတ်အောင် (မြိတ်) တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။  ဆက်လက်၍ Junior Golf Myanmar မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကိုဇော်က    အသက် ၁၄ အောက် သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၀ ဖြင့်   တတိယဆုရရှိသော ကောင်းထက် (ရန်ကုန်)၊  စုစုပေါင်းရိုက်ချက် ၁၆၀ ဖြင့်   ဒုတိယဆု ရရှိသော အောင်ဟိန်းဇော် (စစ်တွေ) ၊  စုစုပေါင်းရိုက်ချက် ၁၅၉ ချက်ဖြင့် ပထမဆုရရှိသော ပြည့်စုံအောင် (ပြင်ဦးလွင်) တို့ကို ဆုများပေးအပ်ချီးမြှင့် သည်။

 

ယင်းနောက် Junior Golf Myanmar မှ အဖွဲ့ဝင်ဒေါ်မြင့်မြင့်သန်းက အမျိုးသမီး ၁၈ နှစ်အောက်သက်တန်းတွင်  စုစုပေါင်းရိုက်ချက် ၁၈၄ ချက်ဖြင့်  တတိယဆုရရှိသော   အေးစုအောင် (ရန်ကုန်)၊    စုစုပေါင်း ရိုက်ချက် ၁၈၂ ချက်ဖြင့်   ဒုတိယဆုရရှိသော   စုနှင်းဖြူ (ရန်ကုန်) ၊ စုစုပေါင်းရိုက်ချက် ၁၅၈ ချက်ဖြင့်    ပထမဆုရရှိသော   မိုးပြည့်စုံခင် (ရန်ကုန်) တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်  တွဲဖက်အတွင်းရေးမှူးဦးအောင်မြင့်ဦးက  အသက် ၁၈ နှစ်အောက်သက်တမ်းတွင်    စုစုပေါင်းရိုက်ချက်    ၁၇၂  ချက်ဖြင့် တတိယဆုရရှိသော ဟိန်းနိုင်ဇင် (ရန်ကုန်)၊ စုစုပေါင်းရိုက်ချက် ၁၆၂ ချက်ဖြင့် ဒုတိယဆုရရှိသော ကောင်းပြည့်ဖြိုးကျော်(တောင်ငူ)၊ စုစုပေါင်း ရိုက်ချက် ၁၆၁ ချက်ဖြင့် ပထမဆုရရှိသော အောင်မင်းသန့် (မော်လမြိုင်) တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။ 

 


ယင်းနောက်   မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေ ဥက္ကဋ္ဌ  ဦးကိုကိုအေးက    Professional      အဆင့်     ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် သုံးချက်လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၁၄၁ ချက်ဖြင့် ပထမဆုရရှိသော ကျော်သက်ဦးကို ဆုပေးအပ်ချီးမြှင့် သည်။ ယခုပြိုင်ပွဲတွင်   တောင်ငူ၊ မကွေး၊ ပြင်ဦးလွင်၊ မြိတ်၊ ထားဝယ်၊ ရွှေဘို၊ စစ်တွေနှင့် မန္တလေး အစရှိသော တိုင်းဒေသကြီး/ပြည်နယ်များမှ မျိုးဆက်သစ်လူငယ်  ဂေါက်ရိုက်အားကစားသမားများ   ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။             

ကိုညီလေး၊ဓာတ်ပုံ-MGF