
စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ
===============================================================================================================
ရန်ကုန် စက်တင်ဘာ ၈
စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံ ခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေး ကော်မတီ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာ (ချစ်ဦးညို)၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမြင့်ထွန်း၊ ဦးသောင်းစုငြိမ်းနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေး ကြသည်။
ရှေးဦးစွာ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာ (ချစ်ဦးညို) က ဖြစ်မြောက် ရေးကော်မတီတွင် စာရေးဆရာ၊ ထုတ်ဝေသူ၊ စာပေနယ်ပယ် အသီးသီး မှ ဆရာ ဆရာမများ၊ အိုင်တီပညာရှင် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ စသဖြင့် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ ပါဝင်နေကြသည့်အတွက် မိမိကျွမ်းကျင်သည့်ကဏ္ဍမှ ကောင်းမွန် သော ရည်ရွယ်ချက်များဖြင့် လုပ်ငန်း အောင်မြင်အောင် ပူးပေါင်းဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ရည်ရွယ်ချက်များ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် ကဏ္ဍအလိုက် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ယခုအချိန် ကာလသည် ကိုဗစ်-၁၉ ကြောင့် လူစုလူဝေး ရှောင်ရှားရမယ့် အချိန်ကာလဖြစ်နေ သည့်အတွက် အစည်းအဝေး တက်ရောက် လာသူများကလည်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်သည့်အပိုင်းမှစ၍ ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ တက်ရောက် လာသူများအားလုံးကလည်း ဝိုင်းဝန်း အကြံပေး ပူးပေါင်းဆောင်ရွက်ပေးကြ ပါရန် ဖိတ်ခေါ်ပါကြောင်းပြောကြား သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စာပေ မူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမြင့်ထွန်း၊ ဦးသောင်းစုငြိမ်း၊ အဖွဲ့ဝင်များဖြစ်သည့် ဦးမျိုးအောင်၊ ဒေါ်ဆွေဇင်ထိုက်၊ ဒေါ်သင်းသင်းမာ (ပုညခင်)၊ ဦးအောင်စိုးဦး၊ ဦးသန်းမောင်(စစ်တွေ) ၊ ဦးမြတ်ဝေတိုး (မြတ်ဝေတိုး- ပညာရေးတက္ကသိုလ်)၊ ဦးဝင်းငြိမ်း၊ ဦးနိုင်မောင်၊ ဦးထင်လင်းဦး (Wisdom Villa)၊ ဦးနေမျိုးညွန့်၊ ဦးမြင့်သူ၊ ဦးဇော်ထွဋ် နှင့် အတွင်းရေးမှူး ဒေါ်ယုယုဝင်း (ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန) တို့က ပါဝင်ဆွေးနွေးကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ဖြစ်မြောက်ရေးကော်မတီ ၏ လုပ်ငန်းရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ဆပ်ကော်မတီငါးခု ဖွဲ့စည်း ဆောင်ရွက်ရန်၊ လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင် ရွက်ရန်၊ အွန်လိုင်းအသုံးပြု အသိ ပညာပေး Awareness လုပ်ငန်းများ အတွက် အစီအမံများအား ရေးဆွဲရန် တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်