စာဖတ်ခြင်းအလေ့အထ

Type
000

 

 

သွယ်လင်းကို
 

 

လူသားဘဝတစ်ခုရပ်တည်မှုမှာ မိမိပုံရိပ်ကောင်းဖို့အတွက် အခြေခံအကျဆုံး လုပ်ဆောင်ရမှာက စာများများဖတ်ဖို့ပါပဲ။ ယနေ့နိုင်ငံ့ရတနာ လူငယ်လူရွယ်များ အသိဉာဏ်ပညာ  ပြည့်ဝရင့်ကျက်လာအောင် စာဖတ်ခြင်းအလေ့အထကို ပြုစုပျိုးထောင်ကြရမည်။ ကလေးသူငယ်အရွယ်၊ ကျောင်းသားကျောင်းသူ လူငယ် လူရွယ်၊ အရွယ်ရောက်ပြီးသူတွေ အားလုံးအားလုံးအတွက် စာများများဖတ်ဖို့ ဘာကြောင့် အရေးကြီးပါသလဲ။
စာဖတ်ခြင်းသည်   ပညာဗဟုသုတ  တိုးပွားစေ သည်သာမက စိတ်စေတနာကောင်းများကို နှိုးဆော် ပေးတတ်သော  စိတ်အာဟာရကိုလည်း  ပြည့်ဝစေ သည်။   ဉာဏ်အမြော်အမြင်ကိုလည်း  ကြီးမားစေ သည်။     ရှေးလူကြီးသူမများ၏     အယူအဆ အကောင်းအဆိုးများ   အတွေ့အကြုံကောင်းများကို အတုယူမှတ်သားရနိုင်သည်။
စာဖတ်ခြင်းဖြင့်  မိမိအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ    ကျန်းမာကြံ့ခိုင်ခြင်းရလဒ်များကို ရရှိစေသည်။ ယင်းအကျိုးကျေးဇူးသည်  ဘဝတစ် သက်တာအတွက်  ဆုလာဘ်ပင်ဖြစ်ပါသည်။
စာမဖတ်သူ (သို့မဟုတ်)  စာဖတ်အားနည်းတဲ့ သူတွေဟာ မိမိကိုယ်မိမိယုံကြည်မှုမရှိ မိမိကိုယ်မိမိ စွမ်းဆောင်နိုင်မှု  လုပ်ဆောင်နိုင်မှု   အားနည်းတယ် လို့လည်း    ထင်မြင်နေတတ်ပါတယ်။   မိမိနှင့် တစ်လောကလုံး  ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ လည်း ကြိမ်ဖန်များစွာ ခံစားတတ်ကြပါတယ်။
စာဖတ်ခြင်းကို စိတ်မဝင်စားကြ
ဟိုးရှေးပဝေသဏီ အချိန်များစွာကတည်းက စာဖတ်ခြင်းအလေ့အထဆိုတာ     ရှိပြီးသားပါ။  သို့သော်လည်း   ခေတ်အချိန်ကာလများ ပြောင်းလဲ သွားပြီးနောက် နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာ မှုနှင့်အတူ   မိမိတို့နိုင်ငံမှာတော့   ကလေးသူငယ် အရွယ်၊   ကျောင်းသားကျောင်းသူ လူငယ်လူရွယ် နှင့်    ဆယ်ကျော်သက်အရွယ်များဟာ   စာဖတ်ဖို့ အားနည်းလာပါတယ်။   စာအုပ်များကို   မြတ်နိုး တန်ဖိုးထားမှု   လျော့ပါးလာပြီး   စာဖတ်ခြင်းကို စိတ်မဝင်စားကြတော့ပါ။       စမတ်ဖုန်းကဲ့သို့ နည်းပညာပစ္စည်းတွေပေါ်မှာသာ     စွဲလမ်းလာကြ ပါတယ်။ ဖုန်းမျက်နှာပြင်များ၊  ကွန်ပျူတာမျက်နှာ ပြင်များ၏  ဆွဲဆောင်မှုနောက်ကို  ပို၍ ပါသွားကြ ပါပြီ။ စာဖတ်ခြင်းကပေးတဲ့  အရသာကိုသိဖို့ ခဲယဉ်း သွားကြပါပြီ။    မိမိရဲ့     ကိုယ်ပိုင်အချိန်တချို့ကို စိတ်ဝင်စားစရာကောင်းတဲ့  စာအုပ်များမှတစ်ဆင့် သာယာချမ်းမြေ့မှု၊  ပျော်ရွှင်မှုများဆီကို သွားရောက် ဖို့ လုံးဝကို မကြိုးစားနိုင်ကြတော့ပါဘူး။
မိမိတို့ငယ်စဉ်ကာလအချိန်ကို         ခေတ္တခဏ ပြန်သွားကြည့်ပါမည်။ ကျွန်မ  ကျောင်းနေအရွယ်က ပြည်မြို့မှာ   စာပေတိုက်နှစ်ခုရှိပါတယ်။ သုခစာပေ နဲ့ အောင်နိုင်စာပေပါ။   ထွက်သမျှစာအုပ်တွေကို အချိန်နှင့်တစ်ပြေးညီ       ဝယ်ယူလို့ရပါတယ်။ ဒီဆိုင်နှစ်ဆိုင်ကလည်း   မျက်နှာချင်းဆိုင်   ဖြစ်ပါ တယ်။ ကိုယ်ဖတ်ချင်တဲ့စာအုပ် တစ်ဆိုင်မှာကုန်သွား ပြီဆိုရင်   ချက်ချင်းလမ်းကူးပြီး   အမြန်နောက် တစ်ဆိုင်ကို   သွားဝယ်ရတာပါပဲ။    မိမိတို့ ကလေး ဘဝက ရွှေသွေးဂျာနယ်၊    တေဇရုပ်စုံ၊    မိုးသောက် ပန်းဂျာနယ်တွေဟာ   တစိုက်မတ်မတ်    ကြိုက် နှစ်သက်ခဲ့ရတဲ့   အပတ်စဉ် / လစဉ်ထုတ်    စာစောင် တွေပါ။ နောက်ပိုင်းမှာ     အင်္ဂလိပ်၊    မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေပါတယ်။ ဒီစာစောင်တွေ ထွက်မယ့်ရက်ဆိုရင်  စာသင်ခန်းထဲမှာ  စာသင်ရင်း နဲ့ကို  စိတ်ကရောက်လိုက်သေး။   အပတ်စဉ်ထွက်တဲ့    ရွှေသွေးဂျာနယ်ဆိုရင်    လက်ထဲရောက်တာနဲ့   မောင်နှမနှစ်ယောက်  လုဖတ်ရပါတယ်။       ဦးတဲ့သူ က    ရှေ့မျက်နှာဖုံးကစလို့       ဇိမ်နဲ့ဖတ်ရပြီးတော့ နောက်ကျတဲ့သူက   အလယ်က တစ်ရွက်ရွက်ကိုသာ စဖတ်ရပါတယ်။  အဲဒီလောက်အထိကို လုယက်ပြီး စာဖတ်ဖို့   ပျော်မွေ့ခဲ့ကြတဲ့   ကလေးဘဝများကို ဖြတ်သန်းခဲ့ကြပါတယ်။  မိဘများဟာ ဝန်ထမ်းများ ဖြစ်တဲ့အတွက်  အသုံးစရိတ်ချွေတာဖို့ လိုအပ်လာ ရင်တောင်   ဖေဖေနဲ့မေမေဟာ  ဘယ်သောအခါမှ အပတ်စဉ်/လစဉ်ထုတ်   ဝယ်ပေးနေကျ စာစောင်/စာအုပ်ဝယ်ပေးဖို့ကိုတော့ မချွေတာစေခဲ့ပါဘူး။
သူ့ထက်ငါအပြိုင်ရှိ
ကျွန်မတို့     အရွယ်ရောက်လာတာနဲ့အမျှ စာအုပ်များကို  ရွေးဖတ်တတ်လာပါတယ်။   စာအုပ် ဆိုင်သွားပြီး    စာအုပ်တွေကို    လိုက်မြည်းကြည့် ပြီးမှဝယ်ရတာကို အလွန်ကြိုက်နှစ်သက်ပါတယ်။ တစ်ချိန်က   တန်ဖိုးကြီးလို့  မဝယ်နိုင်ခဲ့ရတဲ့ စာအုပ် ကို အဟောင်းဆိုင်မှာပြန်တွေ့ပြီး  အဟောင်းစျေးနဲ့ ဝယ်ခွင့်ရရင်  အတိုင်းမသိပျော်ပါတယ်။  လမ်းဘေး စာအုပ်အဟောင်းဆိုင်ကနေ   မိမိအကြိုက်စာအုပ် တွေကို ရှာဖွေဝယ်ရတာ  အလွန်ကို အရသာရှိလှပါ တယ်။  နောက် ရပ်ကွက်တွေထဲမှာ စာအုပ်ငှားဆိုင် တွေလည်း    သူ့ထက်ငါ  အပြိုင်ရှိပါတယ်။  ကျောင်း ပိတ်ရက်ရှည် (သို့မဟုတ်) သောကြာနေ့ညလိုမျိုးမှာ စာအုပ်ငှားဆိုင်သွားခွင့်ရပါတယ်။ အလွန်ပျော်ပါ တယ်။   ဆိုလိုချင်တာက  တခြားအားလပ်ချိန် စိတ် အပန်းဖြေစရာ   မရှိတဲ့အတွက်လည်း     စာအုပ် စာစောင်တွေပေါ်မှာ    ပိုလို့အာရုံထားနိုင်ခဲ့ကြပါ တယ်။
ကျွန်မကိုယ်တိုင်    မိခင်ဖြစ်လာတဲ့အချိန်မှာ လည်း သားတို့ကို စာဖတ်ခြင်း အလေ့အထကောင်း မှာ   ပျော်မွေ့ဖို့အတွက်   အရွယ်နဲ့အညီ ပျိုးထောင် လာခဲ့ပါတယ်။   ဖုန်းပေးမကိုင်ဘဲ စည်းကမ်းထား နိုင်သေးပေမယ့်လည်း  တီဗွီကိုတော့ အချိန်နဲ့ပေး ကြည့်ရပါတယ်။ နောက်ပိုင်း ၁၄-၁၅ နှစ်အရွယ် ရောက်လာချိန်မှာတော့   ကွန်ပျူတာနဲ့ စမတ်ဖုန်း တွေစတဲ့  နည်းပညာပစ္စည်းတွေရဲ့  ဆွဲဆောင်မှု နောက်ကို  အားသာသွားပြီး အားလပ်ချိန်မှာ စာသိပ် မဖတ်ချင်ကြတော့ပါ။  လူငယ်လူရွယ်တွေ  စာဖတ် တာက ဟိုတုန်းကနဲ့စာရင်  သိပ်ကိုနည်းသွားကြပြီ၊ ဘဝနေထိုင်မှုပုံစံတွေ    ပြောင်းလဲလာကြလို့ပဲလို့ ပြောရမလား။
ကလေးသူငယ် အရွယ်၊ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်၊ အရွယ်ရောက်ပြီး သူတွေ အားလုံး  စာများများဖတ်ဖို့၊   စာဖတ်ခြင်းကို  မြတ်နိုးတန်ဖိုး ထား စေလိုပါတယ်။ နည်းပညာစွမ်းပကားကလည်း မိမိအတွက်လိုအပ်တဲ့အကြောင်းအရာ အသုံးဝင်တဲ့ အချက်အလက်တွေကို အလွယ်တကူ  လက်လှမ်းမီ တဲ့ အချိန်အခါဖြစ်နေပါပြီ။ 
စာဖတ်နှုန်းတွေ လျော့ကျမသွား
တိုးတက်တဲ့      နိုင်ငံတွေမှာတော့      နည်းပညာ တွေ   ဘယ်လောက်ပဲ  မြင့်လာပါစေ  နည်းပညာ တိုးတက်မြင့်မားလာတာနှင့်အမျှ  စိတ်အပန်းဖြေ စရာ    နယ်ပယ်တွေ   ကျယ်ပြန့်လာတာတွေကို အကြောင်းပြုလို့  စာဖတ်နှုန်းတွေ  လျော့ကျမသွားပါ ဘူး။    ဒါကြောင့်လည်း   သူတို့နိုင်ငံတွေမှာ အချိန်နဲ့ အမျှ  တိုးတက်မှုတွေက ဆက်ပြီး  အရှိန်အဟုန်နဲ့ တိုးတက်နေတာ ဖြစ်ပါတယ်။  မိမိတို့နိုင်ငံမှာတော့ စာဖတ်ခြင်းအလေ့အထ တကယ့်ကို လျော့နည်း သွားပါတယ်။ 
နည်းပညာတိုးတက်လာမှုနှင့်အတူ   ပြောင်းလဲ လာတဲ့     ခေတ်စနစ်ကာလမှာ     ကျွန်မတို့ရဲ့ ကောင်းမွေဆိုးမွေတွေကို   ခံစားရမယ့် ကျောင်းသား အရွယ်လူငယ်တို့အတွက်    အကောင်းအဆိုး ဒွန်တွဲ နေတဲ့ လောကနိယာမတရားအောက်မှာ စာဖတ်ရာ မှာလည်း   စာအုပ်ဖြင့် စာဖတ်ခြင်းနှင့် E-book များကို     ဖတ်ခြင်းမှာ   ဘယ်လိုဖတ်ကြမလဲ။ ဘယ်နည်းလမ်းဖြင့်  ဘယ်လိုချင့်ချိန်လို့ စာဖတ်ကြ မလဲဆိုတာကိုလည်း   တွေးဆစေချင်ပါတယ်။
ပုံနှိပ်စာအုပ်ကိုဖတ်သူများဟာ  E-Book ဖြင့် ဖတ်သူများထက် အကြောင်းအရာကို  ပိုမိုမှတ်မိစေ တယ်လို့ အီတလီသုတေသန ပညာရှင်တစ်ဦးက ၂၀၁၄ ခုနှစ်ခန့်က သုတေသနတွေ့ရှိချက်မှာ ဖော်ပြ ထားပါတယ်။ ဒီထက်အစောပိုင်း  လေ့လာသူများရဲ့ တွေ့ရှိချက်များမှာလည်း ပုံနှိပ်စာအုပ်ဖြင့် စာဖတ်သူ တွေဟာ    မိမိဖတ်နေတဲ့  အကြောင်းအရာပေါ်မှာ စီးဝင်မျောပါမှု၊ ဇာတ်လမ်းအကြောင်းအရာပေါ်မှာ စာနာနားလည်မှုတွေ ပိုမြင့်မားကြတယ်လို့ ရလဒ် ကိုဖော်ပြကြပါတယ်။    ယခုလတ်တလော  သုတေ သနပြုလုပ်ထားရှိမှုတွေမှာလည်း ဖုန်း၊ ကွန်ပျူတာ မျက်နှာပြင်ပေါ်က   စာဖတ်ခြင်းဟာ မိမိဖတ်နေတဲ့ အကြောင်းအရာပေါ်က စာဖတ်သူကိုပေးတဲ့    ရသ ခံစားမှုများ၊ မိမိဖတ်နေတဲ့ အကြောင်းအရာအပေါ် နားလည်မှု၊ အာရုံစုစည်းမှုတွေကို လျော့ပါးစေတယ် လို့ ဆိုထားပါတယ်။
ဒါကြောင့် ယနေ့ ဒစ်ဂျစ်တယ်ကမ္ဘာမှာကြီးပြင်း လာကြတဲ့   လူငယ်လူရွယ်တွေကို စာများများဖတ် ဖို့တိုက်တွန်းရာမှာ   ကျောင်းသင်ခန်းစာများနှင့် ပတ်သက်လို့   စာဖတ်သည့်အခါ၌ လည်းကောင်း၊ သုတေသနအတွက် စာဖတ်သည့်အခါ၊   ခရီးသွား လာရင်း   စာဖတ်သည့်အခါမျိုး၌  လည်းကောင်း၊ မိမိဘာစာအုပ်ဖတ်နေတယ်ဆိုတာကို မသိစေချင်၍ သော်လည်းကောင်း  ဒစ်ဂျစ်တယ်နည်းပညာပစ္စည်း များဖြင့် စာဖတ်ခြင်းမှာ  အဆင်ပြေနိုင်သော်လည်း အားလပ်ချိန်စာဖတ်ခြင်း၊ အိပ်ရာဝင်စာဖတ်ခြင်း၊ ချစ်ခင်ရသူ သူငယ်ချင်းနှင့်အတူ ဖတ်တာမျိုးဆိုရင် တော့ ပုံနှိပ်စာအုပ်ကိုသာ မြဲမြဲဆုပ်ကိုင်လိုက်ပါလို့ အကြံပြုတိုက်တွန်းချင်ပါတယ်။
စာဖတ်တဲ့သူကသာပိုပြီးရင့်ကျက်
အားလပ်ချိန်စာဖတ်ခြင်းဟာ နောက်ရောက်လာ မည့်   အနာဂတ်ဖြတ်သန်းရမည့် အချိန်များအတွက် စိတ်ခွန်အားဖြည့်ဆည်းခြင်းပါပဲ။  စာဖတ်နေတဲ့ သူတစ်ယောက်ဟာ   စာမဖတ်တဲ့   သူထက်တော့ အသိဉာဏ်ပညာတွေ    ပိုပြီးမြင့်မားနေလိမ့်မယ်။ အသက်အရွယ်ချင်းတူရင် စာဖတ်တဲ့ သူကသာ ပိုပြီး ရင့်ကျက်နေပါလိမ့်မယ်။
စာဖတ်ခြင်းမှာ   ပျော်မွေ့တဲ့သူတွေ   ဖြစ်လာ အောင် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးကြရ ပါမယ်။ မိဘတွေကလည်း  မိမိတို့သားသမီးများကို နို့တိုက်အရွယ်မှစလို့  ကျောင်းနေအရွယ်အထိ ပုံပြင် စာအုပ်များ၊ ကလေးငယ်များ   စိတ်ဝင်စားအောင် ရုပ်ပုံများဖြင့် ရေးသားထားသည့်    ရာဇဝင်သမိုင်း ကြောင်းများ၊  ကာတွန်းစာအုပ်များကို အတူတကွ ဖတ်ပြသည့်  အလေ့အထ လုပ်ပေးရပါမယ်။ ဒီလို အလေ့အထသည် မိမိရင်သွေးအတွက် နွေးထွေးမှု၊ ပျော်ရွှင်မှုတို့ကို စာအုပ်များနှင့် တွဲဖက်တည်ဆောက် ပေးလိုက်ခြင်း ဖြစ်ပါတယ်။    ဒါဟာ မိမိရင်သွေး ရတနာတွေကို အရွယ်ရောက်လာချိန်များအတွက် စာဖတ်ခြင်းကို  နှစ်သက်ပျော်မွေ့နေမယ့် အလေ့ အထကောင်းရဖို့  ပြုစုပျိုးထောင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
တစ်ပတ်ကိုအနည်းဆုံး ၄ နာရီခန့် စာဖတ်သူ တစ်ဦးဟာ   စာလုံးဝမဖတ်သူထက် ၂၃ ရာခိုင်နှုန်း အသက်ပိုရှည်တယ်လို့  သုတေသနရလဒ်တစ်ခုကို မှတ်သားဖူးပါတယ်။   အမေရိကန်မှ   ကျန်းမာရေး သိပ္ပံလေ့လာမှုအတွက်    သုတေသီများ   လေ့လာ တွေ့ရှိချက်မှာ   မိနစ် ၃၀ စာဖတ်ခြင်းဟာ ယောဂ လေ့ကျင့်ခန်းပြုလုပ်ခြင်း (သို့မဟုတ်)  ရယ်ရွှင်ဖွယ် ဟာသပြောခြင်းတို့  အလားတူ  သွေးပေါင်ချိန်ကို လျော့ကျစေခြင်း၊ နှလုံးခုန်နှုန်း ပုံမှန်ကြိမ်နှုန်းသို့ ရောက်စေခြင်း၊  စိတ်ပိုင်းဆိုင်ရာ ဖိအားများလျော့ကျ စေခြင်း     စသည့်အကျိုးကျေးဇူးများရှိကြောင်း လေ့လာသိရှိရပါတယ်။
စာပေမှာအားလုံးရှိ
စာပေမှာအားလုံးရှိနေတယ်၊    အကုန်ရနိုင်ပါ တယ်။  မိမိတို့ရဲ့ကလေးငယ်များ၊ လူငယ်လူရွယ်များ စာဖတ်ခြင်းဖြင့် ပျော်မွေ့စေချင်ပါတယ်။ စာအုပ်များ ကို    မြတ်နိုးစေချင်ပါတယ်။   စာဖတ်ခြင်းကြောင့် ရရှိမယ့်   များပြားလှတဲ့   ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ  အကျိုးရလဒ်ကောင်းတွေကို သိစေချင်ပါ တယ်။  ဒီရလဒ်တွေကို ပိုင်ဆိုင်လှမ်းယူဖို့  ဘယ်သော အခါမှ နောက်ကျတယ်ဆိုတာ  မရှိပါဘူး။ စာဖတ် ခြင်းရဲ့အကျိုးရလဒ်ဟာ   အနှိုင်းမဲ့ဖြစ်တဲ့အတွက် လူတိုင်းလူတိုင်းအားလုံး    စာဖတ်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဒါကြောင့် အခုချက်ချင်းပဲ သင့်အနား မှာရှိတဲ့  စာအုပ်တစ်အုပ်ကို  လှမ်းကိုင်လိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။       ။