
နေပြည်တော် ဒီဇင်ဘာ ၃
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထု နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက် များဖြင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များအတွက် ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာန ဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အကြမ်းဖက်ဖောက်ခွဲ ရေးလုပ်ရပ်များပြုလုပ်ခဲ့ရာ ချင်း ပြည်နယ် ကန်ပက်လက်မြို့နယ်၌ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းအား အကြမ်း ဖက်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂ ရက် နံနက် ၄ နာရီ တွင် ချင်းပြည်နယ် ကန်ပက်လက် မြို့နယ် မြို့မ(၁)ရပ်ကွက်ရှိ နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း ကျောင်း၏ ရုံးအဆောက်အဦအား အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီး ခဲ့ကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါနေရာတွင် မီးလောင် မှုကြောင့် သွပ်မိုး၊ အုတ်ကာ ရုံး အဆောက်အဦတစ်လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့နယ် မြို့ကုန်း မြို့မရပ်ကွက်ရှိ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းရှေ့တံတားအနီး၌ တာဝန် ကျ တပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်နေစဉ် အကြမ်းဖက် အဖွဲ့က လက်လုပ်ချိန်ကိုက်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး မှူးရုံးနှင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ အကြမ်းဖက်အဖွဲ့က မျက်နှာချင်း ဆိုင်ရှိ ပန်းခြံမှနေ၍ လက်နက်ငယ် များဖြင့်ပစ်ခတ်၍ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး နှင့် ကျောင်းစောင့်ဖြစ်သူ ဦးမြင့် ဝင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်