
နေပြည်တော် ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ညောင်ငုတ်တို ကျေးရွာရှိ “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် “မေတ္တာရိပ်” မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူများ ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဧပြီ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ် ခန့်တွင် စစ်ကိုင်းမြို့နယ် ညောင်ငုတ်တိုကျေးရွာ အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်လာပြီး ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ကျေးရွာ အဝင်သို့ရောက်ရှိစဉ် အကြမ်းဖက် သမားများက လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်လုပ်မိုင်း ၁၀ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ ရာ အကြမ်းဖက်သမားများသည် ညောင်ငုတ်တိုကျေးရွာ၏ အရှေ့ မြောက်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ကျေးရွာအတွင်း ဝင်ရောက်၍ အကြမ်းဖက် သမားများ မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ်များအား ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သော်လည်း နေအိမ် ၁၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။ ထို့ပြင် အဆိုပါကျေးရွာရှိ “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ် ထားသည့် “မေတ္တာရိပ်” မိဘမဲ့ ဂေဟာရှိ မိဘမဲ့ကလေးများ အား စာသင်ကြားပေးနေသည့် စေတနာ့ဝန်ထမ်း ဆရာမ ဒေါ်ဟေမာ(၄၈)နှစ်သည် အကြမ်း ဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရင်အုံကျည် ထိမှန်ဒဏ်ရာ နှစ်ချက်၊ ဆီးခုံ ကျည် ထိမှန်ဒဏ်ရာ နှစ်ချက်၊ ဝမ်းဗိုက်နှင့် ယာဒူးတို့တွင် ကျည် ထိမှန်ဒဏ်ရာတစ်ချက်စီ ရရှိကာ သေဆုံးခဲ့ကြောင်းနှင့် သစ္စာရွှေဂူ ဘုန်းတော်ကြီးကျောင်းအတွင်း၌ သံဃာတော် လေးပါး၊ သာမဏေ ၁၀ ပါး၊ ဆရာ၊ ဆရာမ ၁၇ ဦး၊ ကလေးငယ် ၆၄ ဦးနှင့် ကိုယ် ဝန်ဆောင် တစ်ဦးတို့ကို တွေ့ရှိရ ပြီး ကျေးရွာနေပြည်သူအချို့ မှာ အကြမ်းဖက်သမားများ၏ အန္တရာယ်ကို ကြောက်ရွံ့၍ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရ သည်။
ထို့နောက် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကျေးရွာ အတွင်း ကျန်ရှိသည့် ဆရာတော် သံဃာတော်များ အပါအဝင် ပြည်သူများကို ညောင်ငုတ် တိုကျေးရွာ အခြေခံပညာမူလ တန်းကျောင်း၌ ယာယီနေရာချ ထားပေးပြီး ၎င်းတို့၏လုံခြုံရေး အတွက် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်