
နေပြည်တော် ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်၌ မီးငြှိမ်းသတ်ပြီးပြန်လာသည့် မီးသတ်ယာဉ်တစ်စီးကို PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်သဖြင့် မီးငြှိမ်းသတ်ယာဉ်၏ လေကာမှန်ကွဲကြေ ပျက်စီးကာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွား
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် ဘုတလင်မြို့နယ် ဇီးတောကျေးရွာ ၏ တောင်ဘက် ရွာစည်းရိုးအနီး တွင် စုပုံထားသည့် ပြောင်းရိုးပုံများ ကို အမျိုးသားတစ်ဦးက မီးရှို့ ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ ဘုတလင်မြို့နယ် မီးသတ်ဦးစီး ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများ၏ နေအိမ် များ မီးကူးစက်လောင်ကျွမ်းမှု မရှိစေရေးအတွက် အုပ်ချုပ်မှု ယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် နှစ်စီးတို့ဖြင့် သွားရောက်ကာ မွန်းလွဲ ၁ နာရီတွင် စတင်၍ မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့သည်။
ကယ်ဆယ်ရေးဆောင်ရွက်
ထိုသို့ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွား ခဲ့သဖြင့် မီးငြှိမ်းသတ်ယာဉ် တစ် စီးနှင့် အုပ်ချုပ်မှုယာဉ်တစ်စီးတို့ သည် မီးကြွင်းမီးကျန်များ မကျန်ရှိ စေရေး စစ်ဆေးငြှိမ်းသတ်ခြင်း လုပ်ငန်းများ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး မီးသတ် ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးတို့ကို အခြားကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးသို့ ပြန်လည် စေလွှတ် ထွက်ခွာစေခဲ့သည်။
ဆေးကုသမှုခံယူ
ထိုသို့ ထွက်ခွာလာစဉ် ဘုတလင်- မုံရွာကားလမ်းမကြီး မိုင်တိုင်အမှတ် ၉၈ မိုင် ၇ ဖာလုံနှင့် ၉၉ မိုင်အကြား ရုံးတောကျေးရွာ လမ်းခွဲအရောက်၌ အဆိုပါ မီးသတ်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း ၏ယာဘက်မှ လက်လုပ်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ သဖြင့် မီးငြှိမ်းသတ်ယာဉ်၏ ရှေ့လေကာမှန် ကွဲအက်ပျက်စီး ကာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ နှာခေါင်းနှင့် ယာလက်ခုံတို့တွင် မိုင်းစထိမှန်ဒဏ်ရာ အချို့ရရှိခဲ့ သဖြင့် ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရ သည်။
ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်
ထိုကဲ့သို့ အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်