စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား ဝင်ရောက်လုယက်ဓားပြတိုက်သည့်အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်စီးနင်း ဖမ်းဆီးရာ အကြမ်းဖက်သမားတစ်ဦးအား ငွေကျပ် ၃၀၃၁ သိန်းနှင့်အတူ အသေဖမ်းဆီးရမိ

နေပြည်တော်   ဇွန်   ၁၉


စစ်ကိုင်းတိုင်းဒေသကြီး    စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)သို့ ဇွန် ၁၉ ရက် ညနေ  ၄  နာရီခွဲခန့်တွင် အကြမ်းဖက်အမျိုးသား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး လုယက်ဓားပြတိုက်နေကြောင်း သတင်း အရ မြို့ပေါ်ရပ်ကွက်များအတွင်း  လုံခြုံ ရေးဆောင်ရွက်လျက်ရှိသည့်    ပူးပေါင်းလှည့်ကင်းအဖွဲ့များဖြင့်    တရားခံများ ဖမ်းဆီးရမိရေး   အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ခဲ့ရာ ၁၀ မိနစ်ခန့် အကြာတွင်  ပူးပေါင်းလှည့်ကင်းအဖွဲ့ သည်   ကမ္ဘောဇဘဏ် (၁) သို့     ရောက်ရှိ ပြီး      ဝင်ရောက်စီးနင်း         ဖမ်းဆီးရာ လုယက်ဓားပြတိုက်သူ  အကြမ်း ဖက်သမား အမျိုးသား တစ်ဦးအား အသေ    ဖမ်းဆီးရမိသည့်အပြင် ၎င်းတို့ ဓားပြတိုက်ယူဆောင်ထား သည့်  ငွေကျပ်    ၃၀၃၁  သိန်း၊  လက်ကိုင်ဖုန်း နှစ်လုံးနှင့် လုယက် ဓားပြတိုက်ရာတွင် အသုံးပြုသည့် လက်လုပ်ပစ္စတို တစ်လက်၊ ၉ မမ ကျည် ကိုးတောင့်၊ ဗုံးသီး(စိစစ်ဆဲ) တစ်လုံး၊  ဆိုင်ကယ်   နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။


စိစစ်ချက်အရ   ဘဏ်အား ဝင်ရောက်လုယက် ဓားပြတိုက်သူ များမှာ     ပေါင်းလှရွာအခြေပြု စစ်ကိုင်းခရိုင်   PDF   တပ်ရင်း(၂) ဆင်ရိုင်း   (ခ)     ခိုင်ဇော်လင်း ဦးဆောင်သော အဖွဲ့ဖြစ်ကြောင်း နှင့်အသေဖမ်းဆီးရမိသည့် အကြမ်း ဖက်သမားမှာ ၎င်းအဖွဲ့မှ ကိုနောင် ဖြစ်ကြောင်း သိရသည်။


လုယက်ဓားပြတိုက်မှုမှ ထွက် ပြေး  လွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန်ရှိသည့် တရားခံ များအား ထပ်မံဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က မြို့ဝင်/မြို့ထွက်  နေရာများ အား ပိတ်ဆို့၍ လုံခြုံရေးလုပ်ငန်း စဉ်များနှင့်အညီ  ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း   သတင်းရရှိ သည်။  

                
 သတင်းစဉ်