စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲ၍ ကိုရင်ငယ် နှစ်ပါးသေဆုံးပြီး တစ်ပါးဒဏ်ရာရရှိ

 

နေပြည်တော်   ဧပြီ      ၂၁


နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော် အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက် အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများကို အကြမ်းဖက် ဖောက်ခွဲမှုများပြုလုပ်ခြင်း၊    ပစ်ခတ်တိုက်ခိုက်မှုများ  ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများကို  ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ် ထားရာ  သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းကို  စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက် စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

 


ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး  စစ်ကိုင်းမြို့နယ်   သိမ်းချောင်းကျေးရွာအနီး စစ်ကိုင်း-ရွှေဘို ကားလမ်း မိုင်တိုင်အမှတ် ၄၁ မိုင် ၁ ဖာလုံနှင့် ၄၁ မိုင် ၂ ဖာလုံအကြား၌ PDF  အကြမ်းဖက်အဖွဲ့က  ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား၍  ကိုရင်ငယ် နှစ်ပါး သေဆုံးကာ ကိုရင်ငယ် တစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက် စစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့နယ် ဆားတောင်မြို့  မြင်းကြွရပ်ကွက်နေ  ရှင်ပညာနန္ဒ (ခ) ပိုင်သူချစ် (၁၃) နှစ် (ဘ) ဦးကြည်မိုး၊ ရှင်သောနန္ဒ (ခ) ဟိန်းဝေယံ (၁၁) နှစ် (ဘ) ဦးသာနော နှင့်   သိမ်းချောင်းကျေးရွာနေ ရှင်ဓမ္မနန္ဒ  (ခ)  ဖြိုးမောင်မောင် (၁၀) နှစ် (ဘ) ဦးအောင်ငွေစိုးတို့သည်   သိမ်းချောင်းကျေးရွာအတွင်း  ဆွမ်းခံ၍  ၎င်းတို့သီတင်းသုံး နေထိုင်သည့် သိမ်းချောင်း ကျေးရွာ ရှိ စန္ဒာရုံဘုန်းတော်ကြီးကျောင်းသို့ ခြေကျင်ပြန်လာစဉ် PDF အကြမ်းဖက်အဖွဲ့   ထောင်ထားသည့်    လက်လုပ်မိုင်း   တစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရှင်ဓမ္မနန္ဒ (ခ) ဖြိုးမောင်မောင် (၁၀) နှစ်နှင့် ရှင်သောနန္ဒ (ခ) ဟိန်းဝေယံ (၁၁)နှစ် တို့တွင် မိုင်းစ ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ရှင်ပညာနန္ဒ (ခ) ပိုင်သူချစ် (၁၃) နှစ်တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့်  ဆေးကုသနိုင်ရေး  စစ်ကိုင်းမြို့  ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 


ဖြစ်စဉ်တွင် သာသနာ့အနွယ်ဝင် ကိုရင်ငယ်များအား သေဆုံး ထိခိုက်ဒဏ်ရာရရှိစေခဲ့သူ အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး      လုံခြုံရေးတပ်ဖွဲ့ဝင်များက      နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။                                                          

 

သတင်းစဉ်