
နေပြည်တော် ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်း မြို့နယ်အတွင်း မေ ၂၈ ရက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အချင်းချင်း အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် အဖွဲ့များနှင့် မိသားစုဝင်များ သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ရွှေဘိုခရိုင်အတွင်း ရှိ PDF အမည်ခံအကြမ်းဖက်သမား နှစ်ဦးသည် မေ ၂၈ ရက် နံနက်ပိုင်း တွင် ဒီပဲယင်းမြို့နယ် တည်တော ကျေးရွာရှိ ၎င်းတို့၏ မိဘများထံသို့ လာရောက်စဉ် ကျေးရွာအဝင်၌ ဒီပဲယင်းမြို့နယ်ရှိ ဒေသခံ PDF အမည်ခံ အကြမ်းဖက်သမားများ နှင့် စကားများရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရွှေဘိုခရိုင်အတွင်းရှိ PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦးနှင့် မိသားစုဝင် လေးဦး စုစုပေါင်း ငါးဦးသေဆုံးကာ PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့ ကြောင်း သိရှိရသည်။
စုံစမ်းစစ်ဆေး
ထိုသို့ ထွက်ပြေးလွတ်မြောက် သွားသူက ၎င်း၏ ခေါင်းဆောင် ဖြစ်သူအား သတင်းပို့တိုင်ကြားခဲ့ ရာ ခေါင်းဆောင်ဖြစ်သူက တည်တောကျေးရွာသို့ စုံစမ်း စစ်ဆေးမှုများပြုလုပ်ရန် လာ ရောက်ရာမှ ဒီပဲယင်းမြို့နယ်ရှိ ဒေသခံ PDF အမည်ခံအကြမ်းဖက် သမားများနှင့် ထပ်မံပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။
အလွဲသုံးစားပြုလုပ်
ထိုသို့ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များသည် လက်နက် အားကိုးဖြင့် ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ၎င်းတို့ အပေါ် အားပေးထောက်ခံမှု မရှိသူ များအား အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအပြင် PDF အမည်ခံ အကြမ်း ဖက်အဖွဲ့ အချင်းချင်းသည်လည်း နယ်မြေလုခြင်း၊ အာဏာလုခြင်း၊ ဆက်ကြေးငွေများကို အလွဲသုံးစား ပြုလုပ်ခြင်းများ ဖြစ်ပေါ်လျက် ရှိပြီး အချင်းချင်း အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်မှုများလည်း လုပ်ဆောင်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်