စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ ဟုမ္မလင်း-ညောင်သာ-မြောက်ကုန်း-ဗျူဟာဆက်လမ်းပေါ်ရှိ နန်တုန်ကျိန်းချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

မုံရွာ   သြဂုတ်   ၂၀
စစ်ကိုင်းတိုင်းဒေသကြီး  ဟုမ္မလင်းမြို့ ဟုမ္မလင်း-ညောင်သာ-မြောက်ကုန်း-ဗျူဟာဆက်လမ်းပေါ်ရှိ နန်တုန်ကျိန်းချောင်းကူး  ကွန်ကရစ်တံတား  ဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်    ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏    လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊    ဟုမ္မလင်း ဒေသသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏      အခြေခံကုန်ကြမ်း ပေါကြွယ်ဝသဖြင့်   MSME  လုပ်ငန်းများ   အဆင့် မြှင့်တင်ရေးနှင့်   ကျေးလက်ထုတ်ကုန်များ  ကုန်ကျ စရိတ်သက်သာစွာဖြင့်   ဈေးကွက်သို့   အမြန်ဆုံး ရောက်ရှိရေးနှင့်    ဈေးကွက်ရရှိရေးအား    မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်    ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း   ပြောကြား သည်။
ယင်းနောက် ဟုမ္မလင်းမြို့နယ် ကျေးလက်လမ်း ဦးစီးဌာန       ဦးစီးမှူးက    နန်တုန်ကျိန်းချောင်း ကူးကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာနေ ပြည်သူတစ်ဦးက   ကျေးဇူးတင်စကား    ပြန်လည် ပြောကြားသည်။
ထို့နောက်    တိုင်းဒေသကြီး     ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး    လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးသန်းဆွေဝင်း၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌတို့က နန်တုန်ကျိန်းချောင်းကူး     ကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ (အပေါ်ပုံ)
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက       နန်တုန်ကျိန်းချောင်းကူး ကွန်ကရစ်တံတားသစ်ကို  ဖြတ်သန်းကြည့်ရှုကြပြီး ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် စကားများပြောကြားကာ ဘင်ခရာ/ပန်းဖွားအဖွဲ့တို့ အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။   
အဆိုပါ    နန်တုန်ကျိန်းချောင်းကူးကွန်ကရစ် တံတားသည် အရှည်ပေ ၈၀ ၊ အကျယ်ပေ  ၂၀ ၊ RCC ကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး     ဟုမ္မလင်း မြို့နယ်    ကျေးလက်လမ်းဦးစီးဌာနမှ    တာဝန်ယူ တည်ဆောက်ခဲ့သည်။
ထို့နောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  ဟုမ္မလင်းမြို့   ခရိုင်စုပေါင်း ရုံးရှိ  အစည်းအဝေးခန်းမ၌  ကျင်းပသည့်  ဟုမ္မလင်း ခရိုင်အတွင်း     စီမံကိန်းလုပ်ငန်းများ     ဆောင်ရွက် ထားရှိမှုများနှင့် ပတ်သက်၍  ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ        နမ့်ပငအသေးစားရေအားလျှပ်စစ် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းမှ      ဒုတိယ ညွှန်ကြားရေးမှူးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်    လုပ်ငန်းသုံး ပစ္စည်းများ     ရောက်ရှိမှုအခြေအနေများကိုလည်း ကောင်း၊ ချင်းတွင်းတံတား(ထမံသီ) တည်ဆောက် ရေးစီမံကိန်းမှ  ညွှန်ကြားရေးမှူးက တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့်     ပတ်သက်၍လည်း ကောင်း၊ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူး(မြို့ပြ)က ချင်းတွင်းတံတား(ထမံသီ) ချဉ်းကပ် လမ်းများ တည်ဆောက်ပြီးစီးမှုအခြေအနေများကို လည်းကောင်း၊    ဟုမ္မလင်းခရိုင်   လမ်းဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးက   မိုးရွာသွန်းမှု ကြောင့် ဟုမ္မလင်းခရိုင်အတွင်းရှိ လမ်းများပျက်စီး ခဲ့မှုနှင့် ပြန်လည်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ အား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်က ဟုမ္မလင်းခရိုင်အတွင်း       စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးပြီး  တည်ဆောက်ရေးလုပ်ငန်းများ   သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်သွားရေး တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)