စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၌ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ PDF အမည်ခံအကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

 

နေပြည်တော်   ဇွန်   ၁၂


နိုင်ငံတော်အစိုးရအနေဖြင့်  နိုင်ငံ၏အနာဂတ်ဖြစ်သည့်  မျိုးဆက်သစ်ရင်သွေးငယ်များ၏  ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဖတ်စာအုပ်အပါအဝင် ကျောင်းသုံးစာရေး ကိရိယာများကို နိုင်ငံတော်အစိုးရက အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

 


သို့ရာတွင်  NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာ သင်ကြား   သင်ယူခွင့်အခွင့်အလမ်းများ  ပျက်ပြား ၍   ပညာမဲ့လူတန်းစားများ   ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေး လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များ ဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်း များနှင့်  ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်း   စသည့်နည်းလမ်းမျိုးစုံ   အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၁ ရက် မွန်းလွဲ ၃  နာရီ  ၄၅  မိနစ်တွင်    စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်  ချောင်းဦးမြို့မရပ်ကွက်   မုံရွာ-မန္တလေးသွား ကားလမ်းဘေးရှိ ချောင်းဦးအခြေခံ ပညာအထက်တန်းကျောင်းဝင်းအတွင်း၌ မသင်္ကာ ဖွယ် အထုပ် သုံးထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စာသင်ကျောင်း၏ မြောက်ဘက် ကိုက် ၂၀ ခန့်အကွာ ကျောင်းရှေ့မြေကွက်လပ်တွင်     ကြွပ်ကြွပ်အိတ် အနက်ရောင် သုံးအိတ်အတွင်းမှ သံပိုက်ဖြင့် ပြုလုပ် ထားသော လက်လုပ်မိုင်း သုံးလုံးကို  တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်တွင်       ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း    ယခုကဲ့သို့   ယုတ်မာ ရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန် ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန် နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်  သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့ လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်း ထားကြောင်း သိရသည်။                      

 

 သတင်းစဉ်