စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မဒေါင်းလှကျေးရွာအား PDF အကြမ်းဖက်သူ အင်အား ၇၀ ခန့်က အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်

 

နေပြည်တော် အောက်တိုဘာ ၁၅


အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH ၊  NUG တို့သည်  အလုံးစုံပျက်သုဉ်းရေး   ဦးတည်ချက်များဖြင့် PDF အမည်ခံ   အကြမ်းဖက်အဖွဲ့ကို  ဖွဲ့စည်း၍ အချို့သောဒေသများတွင် အပြစ်မဲ့ပြည်သူများအား  ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။  ၎င်းအပြင် NLD အစွန်းရောက်အများစုပါဝင်သော PDF အဖွဲ့များအနေဖြင့် ၎င်းတို့နှင့်  နိုင်ငံရေးခံယူချက်အရ  ကွဲပြားပြီး    အေးချမ်းစွာ နေထိုင်လိုသည့်  ကျေးရွာများကိုလည်း နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖိအားပေးခြင်း၊     ၎င်းတို့ကို ထောက်ခံအားပေးမှု မရှိသည့် ကျေးရွာများကို အင်အားသုံး၍ ဝင်ရောက်စီးနင်းကာ အပြစ်မဲ့ပြည်သူများအား           ရက်ရက်စက်စက် ညှဉ်းပန်းသတ်ဖြတ်ခြင်း၊ နေအိမ်များအား  မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများအား  လုယက် ခြင်းတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့  လုပ်ဆောင်လျက်ရှိရာ ယနေ့ညနေ  ၃   နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး    ခင်ဦးမြို့နယ်   မဒေါင်းလှကျေးရွာအား    PDF    အကြမ်းဖက်သူ အင်အား ၇၀ ခန့်က   လက်နက်ငယ်များ၊  တူမီး သေနတ်များဖြင့်    လာရောက်ပစ်ခတ်၍    ကျေးရွာ အတွင်းရှိ  နေအိမ်များအား     မီးရှို့ဖျက်ဆီးလျက်ရှိ ကြောင်း   ဒေသခံပြည်သူများမှ    လုံခြုံရေးတပ်ဖွဲ့ များထံ ဆက်သွယ်အကူအညီ တောင်းခံလာမှုကြောင့်   တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ   လုံခြုံရေးတပ် ဖွဲ့ဝင်များ ပူးပေါင်းကာ အချိန်မဆိုင်း သွားရောက်၍  လိုအပ်သည့်  လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်။ PDF အကြမ်းဖက်သူများသည် ကျေးရွာအတွင်း  နေအိမ်နှစ်လုံးကို    မီးရှို့ဖျက်ဆီးခဲ့ပြီး   လုံခြုံရေး တပ်ဖွဲ့ဝင်များ      ရောက်ရှိစဉ်တွင်      ဆုတ်ခွာထွက် ပြေးသွားခဲ့ကြောင်း၊    ဖြစ်စဉ်တွင်   ကျေးရွာသူ ကျေးရွာသားများ   ထိခိုက်ဒဏ်ရာရရှိမှု   မရှိကြောင်း၊      လုံခြုံရေး  တပ်ဖွဲ့ဝင်များအနေဖြင့်    ဆုတ်ခွာထွက် ပြေးသွားသည့် PDF အကြမ်းဖက်  သောင်းကျန်းသူ များ နောက်သို့  ထက်ကြပ်မခွာ  လိုက်လံချေမှုန်း လျက်ရှိပြီး   ကျေးရွာလုံခြုံရေးကိုလည်း  ဆောင်ရွက် ပေးလျက်ရှိသည်။

 


ငြိမ်းချမ်းစွာ   လုပ်ကိုင်စားသောက်လိုသူ   မိဘ ပြည်သူများအနေဖြင့်    အကြမ်းဖက်အဖွဲ့များ၏   ဥပဒေမဲ့   လုပ်ကြံသတ်ဖြတ်မှုများ၊  အုပ်စုဖွဲ့၍  အနိုင် ကျင့်မှုများအပေါ်      ရွံရှာစက်ဆုပ်လျက်ရှိကြပြီး     ၎င်းအကြမ်းဖက်အဖွဲ့များကို   အမြစ်ပြတ်ချေမှုန်း  နိုင်ရေး    တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ကာ  ရပ်ရွာတည်ငြိမ်အေးချမ်း ရေးနှင့်     တရားဥပဒေစိုးမိုးရေး လုပ်ငန်းရပ်များအား  တက်ကြွစွာ   လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိ သည်။     
         

သတင်းစဉ်