စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာအတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃

 


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်   နတ်ချောင်းကျေးရွာအတွင်း  ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများ   ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များအား CNF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင်  လာရောက်တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။

 


ဖြစ်စဉ်မှာ        စစ်ကိုင်းတိုင်း ဒေသကြီး       ကလေးမြို့နယ် နတ်ချောင်းကျေးရွာ၌    ပြည်သူ များ၏   လုံခြုံရေးနှင့်  တည်ငြိမ် အေးချမ်းစွာ   နေထိုင်နိုင်ရေးတို့ အတွက်   လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များအား    ယနေ့နံနက်ပိုင်းတွင် CNF   အဖွဲ့နှင့်  PDF  အမည်ခံ အကြမ်းဖက်သမား အင်အား ၃၀၀ ခန့်က လက်နက်ကြီး/ လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်     လုံခြုံရေး တပ်ဖွဲ့ဝင်များက    ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား များသည် ကျေးရွာ၏ အနောက် ဘက်သို့ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

 


အာပီဂျီတစ်လက် သိမ်းဆည်းရမိ


ဖြစ်စဉ်တွင်   အကြမ်းဖက် သမားများထံမှ     အလောင်း ကိုးလောင်း၊   အာပီဂျီ တစ်လက် (ပျက်စီး)၊ လက်လုပ်မိုင်း တစ်လုံး၊ လျှပ်စစ်ဒီတိုနေတာအခု ၂၅၀ ၊ မီးရှို့စနက်တံအခု ၄၀၀ ၊ ယမ်းကြိုး (မီတာ ၅၀ ပါ) လေးခွေတို့ကို  သိမ်းဆည်းရမိခဲ့သည်။

 


သတင်းထုတ်ပြန်

အကြမ်းဖက်သမားများအနေ ဖြင့်       ကျေးရွာအချို့အတွင်း ဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်နိုင်ခြင်းမရှိစေရန် အတွက်  လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေး     လုပ်ငန်းများ တိုးမြှင့်     ဆောင်ရွက်လျက်ရှိပြီး တာဝန်သိ  ပြည်သူများအနေဖြင့် လည်း    ပူးပေါင်းပါဝင်ကြရန် သက်ဆိုင်ရာက သတင်းထုတ်ပြန် ထားသည်။                  

သတင်းစဉ်