
နေပြည်တော် မတ် ၁၇
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေ ဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက် အအုံများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများ အား အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည့်အပြင် အခြားဘာသာရေးဆိုင်ရာ အဆောက် အဦအုံများကိုပါ မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းတို့ကို စိတ်နှလုံးညှိုးနွမ်းဖွယ်ရာ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။
မတ် ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ် လှိုင်သာယာရပ်ကွက် စိတ်ကျာလာလမ်း ဇိုးခွားဇုံနယ် ခရစ်ယာန်ဘာသာ ရေးကျောင်းအား အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးမှု ကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ် ခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်အတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်နံကပ် နှစ်ထပ်အဆောက်အအုံ တစ်လုံး တန်ဖိုးငွေကျပ် ၄၈ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ခရစ်ယာန်ဘာသာရေး ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်