စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းအားနင်းမိပေါက်ကွဲပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦး စုစုပေါင်း ငါးဦးသေဆုံး၊ အမျိုးသား တစ်ဦးဒဏ်ရာရ၍ အမျိုးသမီး တစ်ဦး ပျောက်ဆုံး

 

နေပြည်တော်    ဧပြီ     ၆


အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ခရီးသွားပြည်သူလူထုများကို ထိခိုက် ဒဏ်ရာရရှိစေရန်နှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်၍ တရားဥပဒေစိုးမိုးမှုအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ဖြင့် မိုင်းထောင်ဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

 


ထိုသို့      အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များပြုလုပ်ခဲ့ရာ    စစ်ကိုင်းတိုင်း ဒေသကြီး  မင်းကင်းမြို့နယ် အထက်စသာ ကျေးရွာနေ ဦးစိုးရာဇာ(၂၉)နှစ် မောင်း နှင်ပြီး  တစ်ရွာတည်းနေ မနွေးနွေးလင်း (၃၀)နှစ်   (ဘ)     ဦးမောင်အဲ(ခ)ရှောင်၊ မရွှန်းလဲ့ဝေ (၅) နှစ်     (ဘ) ဦးစိုးရာဇာ၊ မောင်ရဲရင့်သူ (၇) နှစ် (ဘ)   ဦးစိုးရာဇာ၊ မမိုးစန္ဒာမြင့်၊    သလာဘာကျေးရွာနေ ကိုပြည့်ဖြိုးဝေ (၂၄) နှစ် (ဘ) ဦးဇော်ဦးနှင့် မင်းကင်း မြို့နယ်၊ အမှတ်(၂) ရပ်ကွက်နေ ဦးသန်းဝင်းမောင် (၃၀) နှစ်(ဘ) ဦးဝင်းဆွေ တို့လိုက်ပါလာသည့်   Honda Fit ယာဉ် သည်  ကလေးဝ-ယာကြီး  ကားလမ်း အတိုင်း   မင်းကင်းမြို့မှ   ကလေးမြို့သို့ ထွက်ခွာလာစဉ်     ဧပြီ  ၅ ရက်   မွန်းလွဲ ၃ နာရီခန့်တွင် ကလေးဝမြို့နယ် ကလေးဝ-ယာကြီးကားလမ်း မိုင်တိုင်အမှတ် ၁၀၂ မိုင်နှင့် ၁၀၃ မိုင်ကြား  သဲကြမ်းကျေးရွာ အနီးသို့အရောက်၌     PDF   အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး      ပေါက်ကွဲခဲ့ ကြောင်း သိရသည်။ 

 


လက်လုပ်မိုင်း    ပေါက်ကွဲမှုကြောင့် ကိုစိုးရာဇာ၊     ကိုပြည့်ဖြိုးဝေ၊  မနွေးနွေး လင်း၊ မောင်ရဲရင့်သူနှင့်   မရွှန်းလဲ့ဝေ တို့သည် မိုင်းစထိမှန်ဒဏ်ရာများကြောင့် နေရာတွင် သေဆုံးခဲ့ပြီး ဦးသန်းဝင်းမောင် တွင်    မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး   ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း၊ မမိုးစန္ဒာမြင့်မှာ      ပျောက်ဆုံးလျက်ရှိ ကြောင်းနှင့်         မိုင်းထိမှန်မှုကြောင့် မော်တော်ယာဉ်မှာ   ကြေမွပျက်စီးသွား ကြောင်း သိရသည်။

 


အဆိုပါဖြစ်စဉ်မှ   အပြစ်မဲ့ခရီးသွား ပြည်သူများကို   မိုင်းထောင်ဖောက်ခွဲခဲ့သူ အကြမ်းဖက်သမားများအား   ဥပဒေနှင့် အညီ   ထိရောက်စွာ   အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက      စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း    သတင်း ရရှိသည်။                    

သတင်းစဉ်