
နေပြည်တော် ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ရာမှ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးသေဆုံး၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီခွဲတွင် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အင်အား ၄၀ ခန့်သည် လက်နက်ငယ်များ၊ တူမီး သေနတ်များ ကိုယ်စီကိုင်ဆောင်လျက် စစ်ကိုင်း တိုင်းဒေသကြီး မင်းကင်းမြို့နယ် မအူကုန်း(မြောက်)ကျေးရွာသို့ ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူများဖြစ်သည့် ဦးရာအေး(၄၇)နှစ်(ဘ) ဦးချင်းယောက်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဌေးဌေး ဝင်း(၄၅)နှစ်(ဘ)ဦးမောင်၊ ဦးကျော်စံဝင်း(၄၇)နှစ် (ဘ)ဦးစံအေး၊ ဒေါ်ကြည်ကြည်ဝင်း (၃၅)နှစ်(ဘ)ဦးအောင်ဝင်း၊ ဦးကျော်နိုင်ဦး (၃၇)နှစ်(ဘ) ဦးအောင် မြတ်သန်းနှင့် ဦးစိုးလေး(ခ)တောကျီး(၄၂)နှစ်(ဘ)ဦးဝဲပိုတို့ ခြောက်ဦးကို ဖမ်းဆီးပြီး ကျေးရွာ၏ အနောက်ဘက် သုံးဖာလုံခန့်အကွာရှိ သင်္ချိုင်းဘက်သို့ ခေါ်ဆောင်သွားကာ သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်း ထိုးခုတ် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးရာအေးတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဒေါ်ဌေးဌေးဝင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝဲပါးစောင်းပြတ်ရှဒဏ်ရာ၊ ဦးကျော်စံဝင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဒေါ်ကြည်ကြည်ဝင်းတွင် ဝဲနားထင်မှ ယာနားထင် ကျည်ဖောက်ထွက်ဒဏ်ရာ၊ ဦးကျော်နိုင်ဦးတွင် လည်ပင်းပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဦးစိုးလေး (ခ) တောကျီးမှာ PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က လည်ပင်းကို ဓားဖြင့် လှီးဖြတ် စဉ် လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်ရရှိကာ ထွက်ပြေးခဲ့စဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ၎င်းတွင် ဝဲဘက်ညှပ်ရိုး ဖောက်ဝင်ဒဏ်ရာ ရရှိကာ ထွက်ပြေးလွတ်မြောက်လာ ခဲ့ကြောင်း သိရှိရသဖြင့် ဦးစိုးလေး(ခ)တောကျီးကို မင်းကင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိ ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှာ ကျေးရွာတွင် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သား ပြည်သူများ ကို ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ သော PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို နယ်မြေခံ တပ်မတော်နှင့် ပူးပေါင်းကာ ပိတ်ဆို့စစ်ဆေးရှာဖွေ ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်