
နေပြည်တော် မတ် ၁၇
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထုများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်၊ အုပ်ချုပ်ရေးယန္တရားများရပ်တန့်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ငန်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်းများကို ကျူးလွန် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ ကျူးလွန်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်း မြို့နယ် ကြွေကျေးရွာ ကြွေတိုက် နယ်ဆေးရုံသို့ မတ် ၁၆ ရက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် PDF အမည်ခံ အကြမ်းဖက်သမား ၃၀ ခန့်ရောက်ရှိလာပြီး ဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာနေ အထက်တန်း သူနာပြု ဆရာမဖြစ်သူ ကလေးဝ မြို့နယ် အမှတ်(၂)ရပ်ကွက်နေ ဒေါ်ခင်သန္တာမြင့် (၄၂)နှစ် (ဘ)ဦးလှအောင်နှင့် ခင်ပွန်းဖြစ်သူ ဦးသန်းနိုင်ဦး(၃၉)နှစ်(ဘ)ဦးဘပု၊ ဆေးရုံသို့ ရောက်ရှိနေသည့် အဆိုပါကျေးရွာနေ ကြွေတိုက် နယ် ဆေးရုံမြေအလှူရှင် ဦးခင် မောင်တိုး (၄၆) နှစ်နှင့် ဆေးရုံ အဆောက်အအုံအလှူရှင် ဦးနိုင် လင်းထွန်း (၃၂) နှစ် (ဘ)ဦးခွေး မောင်တို့ လေးဦးကို ဆေးရုံလူနာ ဆောင်အတွင်းသို့ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း၊ အထက် တန်းသူနာပြုဆရာမ ဒေါ်ခင်သန္တာ မြင့်ကိုCDM တွင် ပါဝင်ခြင်းမရှိဘဲ ဒေသခံပြည်သူများအား ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက် ရှိခြင်းကြောင့် လည်းကောင်း၊ ဦးသန်းနိုင်ဦး၊ ဦးခင်မောင်တိုးနှင့် ဦးနိုင်လင်းထွန်းတို့ သုံးဦးကို “ဒလန်များ”ဟု လည်းကောင်း စွပ်စွဲပြောဆို၍ ဓားများဖြင့် ရက်စက်စွာ ဝိုင်းဝန်းထိုးခုတ် သတ်ဖြတ်ခဲ့သဖြင့် အထက်တန်း သူနာပြုဆရာမအပါအဝင် ၎င်းတို့ လေးဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူ အထက် တန်းသူနာပြုဆရာမနှင့် အပြစ်မဲ့ ပြည်သူ သုံးဦးတို့ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး ၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး နယ်မြေခံ တပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်