
နေပြည်တော် ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ အမျိုးသား ငါးဦးနှင့် အမျိုးသမီးသုံးဦးတို့အား လက်နက်ကိုင် အကြမ်းဖက် PDF အဖွဲ့သို့ ထောက်ပံ့မည့်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၂၁ ရက် ည ၁၂ နာရီ ၅ မိနစ် ခန့်တွင် မုံရွာမြို့ အေးသာယာရပ်ကွက် (၁)လမ်း ထိပ်နေ ဦးတင်မြင့်စိုး (၆၃ နှစ်)(ဘ) ဦးတင်စိန်၏ နေအိမ်၌ လက်နက်ကိုင်အကြမ်းဖက် PDF အဖွဲ့ဝင် များရောက်ရှိနေပြီး ရိက္ခာများ စုဆောင်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေခဲ့ရာ အဆိုပါ နေအိမ်၌ ဦးတင်မြင့်စိုးနှင့်အတူ ဇော်မျိုးထွန်း (၂၇ နှစ်) (ဘ)ဦးကျော်ညွန့်၊ ချစ်ထွန်း(ခ) ဇေကြီး၊ အောင်ချမ်းဝင်း၊ ဟန်ဇင်ထွန်း၊ မအိအိမွန်၊ မငြိမ်း ငြိမ်းအိ၊ ဒေါ်ကြည်ကြည်ဝင်းတို့ရှစ်ဦးအား တွေ့ရှိရပြီး ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ဆေးပစ္စည်း များထည့်ထားသည့် ဆာလာအိတ်တစ်လုံး၊ လက်ဆွဲ အိတ်တစ်လုံး၊ ဖိနပ်များထည့်ထားသည့် ဆာလာ အိတ်တစ်လုံး၊ အခြားပစ္စည်းစုံအိတ် ၂၇ အိတ်၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့်ပစ္စည်း များနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆို ချက်များအရ အဆိုပါပစ္စည်းများမှာ ကနီမြို့နယ် ဘက်မှ PDF အဖွဲ့များအား ထောက်ပံ့ရန် စုဆောင်း ထားခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။ ဖြစ်စဉ်တွင် PDF အဖွဲ့များအား ထောက်ပံ့မည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် ဦးတင်မြင့်စိုးပါ ရှစ်ဦးတို့အား ဆက်လက်စစ်ဆေးလျက်ရှိကြောင်းနှင့် ဥပဒေအရအရေးယူသွားနိုင်ရေး ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်