စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၌ အမျိုးသားလေးဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များ လုယက်ယူဆောင်

 

နေပြည်တော်  ဇန်နဝါရီ    ၁၂


စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၌ အမျိုးသားလေးဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များကို  လုယက်မှုကျူးလွန် ခဲ့ကြောင်း သိရသည်။

 


လုယက်ယူဆောင် 


ဖြစ်စဉ်မှာ   ဇန်နဝါရီ    ၁၁  ရက် ညနေ ၄ နာရီခွဲတွင်      စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် မဟာမြိုင်ရပ်ကွက်နေ ဆရာ ဝန် အငြိမ်းစားဖြစ်သူ ဦးတင်ရွှေ ၇၇နှစ် (ဘ) ဦးသန်းမောင်၏  နေအိမ်ကို    အမျိုးသား လေးဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များကို   လုယက်ယူဆောင်သွားခဲ့ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ  ညနေ ၄ နာရီ တွင် ဦးတင်ရွှေ၏ သမီးဖြစ်သူ မစိုးစိုး(၄၇နှစ်) သည် အဆိုပါနေအိမ်အတွင်းရှိနေစဉ် သေနတ် ကိုယ်စီကိုင်ဆောင်ထားသည့်    အမျိုးသား လေးဦးသည်   ဆိုင်ကယ်များဖြင့်    ရောက်ရှိ လာပြီး ဖခင်ဖြစ်သူ ဒေါက်တာ တင်ရွှေ ရှိ/မရှိ မေးမြန်းကာ မစိုးစိုး ကိုင်ဆောင်ထားသည့် I-Phone 6 Plus တစ်လုံး၊ ငွေကျပ် ၅၀၀၀၀၀၊ နေအိမ်အပေါ်ထပ်ရှိ   ငွေကျပ်    ၄၅၀၀၀၀၊ ပလက်တီနမ် လက်စွပ်လေးကွင်း၊ စိန်လက်စွပ် တစ်ကွင်း၊     ပလက်တီနမ်ဆွဲကြိုးတစ်ကုံး၊  သုံးရောင်ခြယ်ဆွဲကြိုးတစ်ကုံး၊ သုံးရောင်ခြယ် လက်စွပ်တစ်ကွင်း စုစုပေါင်းတန်ဖိုး ငွေကျပ် ၆၃၁၀၀၀၀ ခန့်   ဒေါက်တာ တင်ရွှေအမည် ဖြင့် ဘဏ်စာအုပ် တစ်အုပ်၊   ဒေါ်ခင်ချိုသက် အမည်ဖြင့် ဘဏ်စာအုပ် တစ်အုပ်၊  မေမြတ် ကျော် အမည်ဖြင့် ဘဏ်စာအုပ် တစ်အုပ်တို့ ကို သေနတ်ပြခြိမ်းခြောက်လုယက်ယူဆောင် ကာ ဆိုင်ကယ်များ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်


ထိုကဲ့သို့ သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များကို   လုယက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး ၍ တရားဥပဒေနှင့်အညီ   အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် ပိတ်ဆို့ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်