
မုံရွာ ဇွန် ၈
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာ သင်ကြားနိုင်ရေးနှင့်ကျောင်းဥပဓိ ရုပ် ကောင်းမွန်စေရေးတို့အတွက် ဇွန် ၈ ရက် နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း(အလုံ) ကျောင်းဝင်း အတွင်းရှိ သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်းကို တိုင်းဒေသကြီး /ခရိုင် /မြို့နယ်များမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှု ရေးအသင်းအဖွဲ့ဝင်များ၊ စုပေါင်း ၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ နှင့် စိုက်ပျိုး၊မွေးမြူရေး အထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ စားဖိုဆောင်သီးနှံ များ စိုက်ပျိုးနေမှုများကို စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှု အားပေးသည်။
စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေသူများနှင့် ရပ်ကွက် နေပြည်သူများအား တိုင်းဒေသ ကြီး စည်ပင်သာယာရေးအဖွဲ့နှင့် ဆီ ကုန်သည်ကြီးများ အသင်းမှ တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံး ဆီများကို ဈေးနှုန်းသက်သာစွာ ဖြင့် ရောင်းချပေးကြသည်။
အလားတူ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၅ မြို့နယ်တို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ အင်အား ၁၉၀၀ ကျော်ဖြင့် ကျောင်းများဥပဓိ ရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း(အလုံ) ကျောင်းဝင်း အတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ကျောင်း သား ကျောင်းသူ အိပ်ဆောင်များ ကို သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)