စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း

 

မုံရွာ   ဇူလိုင်   ၃၁


၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်  အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးနှင့်အောင်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ ခုနှစ် ပဉ္စမ အကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ များသို့ အားကစားနည်း ၂၁ နည်းအား အားကစား သမား ၃၇၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း၊    တိုင်းဒေသကြီး  ကိုယ်စားပြု  ပြိုင်ပွဲဝင်   အားကစားသမားများအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရမည့် အားကစားနည်းများအလိုက်    တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ယခင်တင်ထားသည့် ပြိုင်ပွဲများ၏ စံချိန်များကို ချိုးနိုင်သည်အထိ ယှဉ်ပြိုင်အနိုင်ရရှိရေး အား   ရည်မှန်းချက်ထားကာ    ကြိုးပမ်းလေ့ကျင့် ယှဉ်ပြိုင်သွားကြရန်   လိုကြောင်း၊   အားကစားသမား များအား    စခန်းသွင်း     လေ့ကျင့်ရာတွင်လည်း စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး အမှန်တကယ် အရည်အချင်းရှိသူများကိုသာ စိစစ်ရွေးချယ်ကြရန် လိုအပ်ကြောင်း။
ပြိုင်ပွဲများတွင်        ဆုတံဆိပ်များရရှိအောင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၏ လေ့ကျင့်ရေး၊ စားသောက်နေထိုင်ရေးနှင့် ကျန်းမာ ရေး   စောင့်ရှောက်မှု   လိုအပ်ချက်များအား     မိမိတို့ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်သည့်အတွက် ပြိုင်ပွဲတိုင်းတွင် အောင်မြင် မှုများရရှိရေးကိုသာ တာဝန်ရှိသူများနှင့် အားကစား သမားများက     အစွမ်းကုန်    ကြိုးစားသွားကြရန်  လိုအပ်ကြောင်း ပြောကြားသည်။    
ယင်းနောက်    တိုင်းဒေသကြီး     အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင် ဇော်လွင်က ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုများ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များအား ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ သိပ္ပံ (မုံရွာ) တို့မှ အားကစားနည်းအလိုက် တာဝန်ခံ များ၊  နည်းပြ/အုပ်ချုပ်သူများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့်  အားကစားနည်းများအလိုက် စခန်းသွင်းစုဖွဲ့လေ့ကျင့်နေမှုများနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည့် အခြေအနေများကို  ရှင်းလင်း ဆွေးနွေးတင်ပြသည်။  


ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးလုပ်ငန်း များနှင့်ပတ်သက်၍     လိုအပ်သည်များကို    ဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကများကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး (ပြန်/ဆက်)