စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးရေးသားခြင်းနှင့် စကားရည်လုပြိုင်ပွဲများ ကြည့်ရှုအားပေး

 

မုံရွာ   သြဂုတ်     ၇


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်    ဦးမြတ်ကျော်သည်   တိုင်း ဒေသကြီး    အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊   ခရိုင်၊   မြို့နယ် အဆင့်    ဌာနဆိုင်ရာ   တာဝန်ရှိ သူများနှင့်အတူ သြဂုတ်   ၇ ရက်    နံနက်ပိုင်းက   မုံရွာတက္ကသိုလ်ရှိ     စိတ်ပညာ    စာသင်ဆောင်တွင်  အပြည်ပြည်ဆိုင်ရာ  လူငယ်များ နေ့အထိမ်းအမှတ် မုံရွာမြို့ပေါ်ရှိ   တက္ကသိုလ်/ဒီဂရီ ကောလိပ်များ၊ ဌာနဆိုင်ရာများ၊ သူနာပြုသားဖွား            သင်တန်းကျောင်း (မုံရွာ)      နှင့် အခြေခံ          ပညာကျောင်းများမှ       ကျောင်းသား       ကျောင်းသူများ        စာစီစာကုံး   ရေးသားယှဉ်ပြိုင် နေမှုများကို       လိုက်လံကြည့်ရှု      အားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်         ဖြည့် ဆည်း    ပေါင်းစပ်     ဆောင်ရွက် ပေးသည်။


ယင်းနောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် အဆိုပါကျောင်းအတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌     ကျင်းပ သည့် အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့အထိမ်းအမှတ် စကားရည် လုပြိုင်ပွဲ      ယှဉ်ပြိုင်နေမှုများနှင့် မုံရွာတက္ကသိုလ်မှ       ကျောင်းသူ များက       တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုတို့ကို     ကြည့်ရှု အားပေးကြပြီး    တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက       ကပြ ဖျော်ဖြေသွားကြသော ကျောင်းသူ များအား   ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများအား  ရင်းရင်းနှီးနှီး    လိုက်လံနှုတ်ဆက် ကြောင်း သိရသည်။


တိုင်းဒေသကြီး
(ပြန်/ဆက်)