စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ထောက်ထားညှာတာမှုကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများအနက် ၅၃ ဦးတို့အား လက်နက်၊ ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမ

 

နေပြည်တော်    ဇူလိုင်    ၂၉


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက်လျက် ရှိသောကြောင့်  တာဝန်ရှိသူများက ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUGနှင့် PDF အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားကို ပျက်ပြားစေရန်   စသည့်ရည်ရွယ်ချက်များဖြင့်   အပြစ်မဲ့ပြည်သူများအား   ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊   အများပြည်သူသွားလာလျက်ရှိသော လမ်းများ၌  မိုင်းထောင်ဖောက်ခွဲခြင်း  စသည့် အကြမ်းဖက်လုပ်ရပ် များကို လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် အပြစ်မဲ့ပြည်သူများ၏   အသက် အိုးအိမ်စည်းစိမ်များကို  ထောက်ထားညှာတာမှု  ကင်းမဲ့စွာနည်းမျိုးစုံဖြင့်  နှောင့်ယှက်ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့ လုပ်ဆောင်လျက်ရှိရာ  ဇူလိုင် ၂၈ ရက်နံနက် ၆ နာရီခန့် တွင်     စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊     ပန်းဆက် ကျေးရွာအား        အကြမ်းဖက် သောင်းကျန်းသူအင်အား ၃၀၀ ဦး ခန့်သည် လက်နက်ငယ်များဖြင့် အကြောင်းမဲ့   လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာမှ ဦးကုလား     (ဘ)     ဦးစိန်ဝင်း လက်နက်ငယ်    ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အမျိုး သား ငါးဦးတွင် (စိုးရိမ်ရ)ဒဏ်ရာ များ  ရရှိခဲ့ကြောင်း  သိရှိရသည်။

 


ဆက်လက်၍    အကြမ်းဖက် သောင်းကျန်းသူ  ၁၀၀ ဦးခန့်သည် ပန်းဆက်ကျေးရွာ၏   အနောက် တောင်ဘက်   မီတာ   ၄၀၀၀   ခန့် အကွာရှိ တောင်ဖြူကျေးရွာ အနီး တစ်ဝိုက်သို့  ရောက်ရှိလာသဖြင့် အဆိုပါကျေးရွာမှ      တာဝန်သိ ကျေးရွာသားများက     ဝိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ        အလောင်း သုံးလောင်း၊ တူမီးသေနတ် အလက် ၅၀   အပါအဝင်  အကြမ်းဖက် သောင်းကျန်းသူ  ၅၃  ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိ ရသည်။

 


အလားတူ      ကနီမြို့နယ် အတွင်း နယ်မြေလုံခြုံရေးဆောင် ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၆ ရက် ညနေ ၆ နာရီခန့် တွင် မုံရွာ- ယာကြီးကျေးရွာသွား ကားလမ်း၏ တောင်ဘက် ဇီးပင် တွင်းကျေးရွာ၏ အနောက်ဘက် မီတာ    ၄၀၀၀   ခန့်   အကွာသို့ အရောက်၌         အကြမ်းဖက် သောင်းကျန်းသူ ၁၀၀ ဦးခန့်က လက်နက်ငယ်များဖြင့်    ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့်      ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ   သောင်း  ကျန်းသူများသည် တောင်ဘက်သို့  ဆုတ်ခွာ   ထွက်ပြေးသွားခဲ့သည်။ ယင်းဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက် ဒဏ်ရာရရှိမှု     မရှိကြောင်းနှင့် အကြမ်းဖက်   သောင်းကျန်းသူ အလောင်း ကိုးလောင်းနှင့်အတူ တူမီးသေနတ် ၂၂ လက်၊ လက်လုပ် မိုင်း နှစ်လုံးနှင့် လက်ပစ်ဗုံးတစ်လုံး တို့အား သိမ်းဆည်းရမိခဲ့ပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အများ ပြည်သူများ အေးချမ်းတည်ငြိမ်စွာ    နေထိုင်နိုင်ရေးအတွက် နယ်မြေ လုံခြုံရေးလုပ်ငန်းများ        တိုးမြှင့် ဆောင်ရွက်လျက်       ရှိကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်