
မုံရွာ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၅/၂၀၂၄) အစည်း အဝေးကို မေ ၃၀ ရက်က မုံရွာမြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယ ဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/ တည်းခို ရိပ်သာလုပ်ငန်းရှင်များ တက် ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီး ချုပ် က မိမိတို့တိုင်းဒေသကြီးအတွင်း ခရီးသွားလာကြသည့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေ ချောမွေ့စေရန် သယ်ယူပို့ဆောင်ရေး စနစ်များ၊ လေယာဉ်ခရီးစဉ်မှသည် ယာဉ်၊ ရထား၊ တက္ကစီအထိ ပြည့်စုံ ကောင်းမွန်အောင် ဖန်တီးပေးရမည် ဖြစ်ကြောင်း၊ ဟိုတယ်၊ တည်းခို ရိပ်သာများကလည်း ခရီးသွား ဧည့်သည်များအား ဝန်ဆောင်မှု များ အကောင်းဆုံးပေးသွားကြရန် လိုအပ်ကြောင်း၊ ထို့အပြင် မိမိတို့ တိုင်းဒေသကြီးသည် အပူပိုင်း ဒေသဖြစ်၍ သစ်ပင်စိုက်ရာသီ၌ သစ်ပင်များများ စိုက်ပျိုးသွားရန် နှင့် လေထုညစ်ညမ်းမှုမရှိစေရေး၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး စီမံချက်အပါအဝင် ခရီးသွား လုပ်ငန်း အထောက်အကူပြု လုပ်ငန်းများကိုပါ စီစဉ်ဆောင် ရွက်သွားကြရန် လိုကြောင်း၊ ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် ခရီးသွားပြည်သူများ စိတ်အေး ချမ်းသာစွာ တည်းခိုနေထိုင်ရေး တို့အတွက် ဆက်လက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ကော်မတီအတွင်း ရေးမှူး တိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှူး ဦးမြင့်စိန်က ခရီးသွား လုပ်ငန်းကော်မတီ၏ (၄/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုပေးရမည့် ကိစ္စရပ်များ နှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေး သို့ တက်ရောက်လာသည့် ကော်မတီဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများ ပတ်ဝန်းကျင် များတွင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံ ရေး အခြေအနေများနှင့် ပတ်သက် ၍ အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)