စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးဝ၊ မော်လိုက်၊ တမူးမြို့နယ်များတွင် ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ထုတ်လုပ်ရမည့် လျာထားချက်အပြည့် ထုတ်လုပ်ရေးနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးဝ၊ မော်လိုက်၊ တမူးမြို့နယ်များတွင် ကျောက်မီးသွေးတူးဖော်ခြင်း 
လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ထုတ်လုပ်ရမည့် လျာထားချက်အပြည့် ထုတ်လုပ်ရေးနှင့် ထုတ်လုပ်ပြီး 
ကျောက်မီးသွေးများအားလုံးသယ်ယူနိုင်ရေး တိုင်းဒေသကြီးအစိုးရ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်

 

မုံရွာ    ဇွန်   ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ  လျာထား ချက်အပြည့်     ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ဇွန်  ၂၁  ရက် မွန်းလွဲပိုင်းက       တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌   ကျင်းပရာ   စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ်  ဦးမြတ်ကျော်  တက်ရောက် သည်။
ကျောက်မီးသွေးများ သယ်ယူနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ကူညီပေးမည်
ရှေးဦးစွာ     တိုင်းဒေသကြီး     ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ   ကလေးဝ၊  မော်လိုက်၊ တမူးမြို့နယ်များတွင် ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေကြသည့်လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ်ကာလအတွင်း ထုတ်လုပ်ရမည့် လျာထားချက်အပြည့် ထုတ်လုပ်ရေးနှင့် ထုတ်လုပ် ပြီး  ကျောက်မီးသွေးများအားလုံး    သယ်ယူနိုင်ရေး အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လိုအပ် သည်များကို      ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျောက်မီးသွေးတူးဖော်  ထုတ်လုပ် ပြီးစီးခဲ့သည့်  မြေနေရာများကို  သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက်    ကြီးမြန်သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားကြရန်      လိုအပ်ကြောင်း ပြောကြားသည်။ (အောက်ဝဲပုံ)
ဆွေးနွေးတင်ပြ
ယင်းနောက် အမှတ် (၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ကျောက်မီးသွေးလုပ်ငန်း ရှင်များနှင့်   တာဝန်ခံများက  ပူးပေါင်းဆောင်ရွက် ပေးသွားမည့်   လုပ်ငန်းအခြေအနေ၊   ကျောက်မီး သွေးထုတ်လုပ်နေမှု၊    သယ်ယူရေးဆောင်ရွက်နေ မှုနှင့်       သတ်မှတ်လျာထားချက်ပြည့်မီအောင်    ထုတ်လုပ်သယ်ယူမည့် အခြေအနေများကို ဆွေးနွေး တင်ပြကြသည်။
ထို့နောက်     တိုင်းဒေသကြီး    ဝန်ကြီးချုပ်က အစည်းအဝေးသို့      တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ်   လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး    နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း  သိရသည်။                  တိုင်းဒေသကြီး(ပြန်/ဆက်)