စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ခင်ဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော်   မတ်   ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ခင်ဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ ကျေးရွာအချို့တွင် နေထိုင်ကြသည့် အပြစ်မဲ့ ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာသို့ မတ် ၁၄ ရက် နံနက် ၅ နာရီတွင် PDF အမည်ခံ အကြမ်းဖက်သမား ၄၀ ခန့်က ဝင်ရောက်၍ သေနတ် များဖြင့် ပစ်ခတ်သဖြင့် ကျေးရွာနေပြည်သူများမှာ ရေစကြိုမြို့နယ်ဘက်သို့   ထွက်ပြေးတိမ်းရှောင်ခဲ့ သော်လည်း အဆိုပါကျေးရွာမှ  မောင်ညိမ်းထက် အောင်(၂၀)နှစ် (ဘ) ဦးတင်လွင်သည် အကြမ်းဖက် သမားများ    ပစ်ခတ်ခဲ့သည့်    ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ကြောင်းနှင့်    အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ နေအိမ် ၆၇ လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။  
အလားတူ မတ် ၁၅ ရက် ညနေ ၄ နာရီတွင် ခင်ဦးမြို့နယ်     တမုတ်ကျေးရွာအတွင်းသို့   PDF အမည်ခံ အကြမ်းဖက်သမား ၂၀  ခန့်က သေနတ်များ ပစ်ဖောက်ဝင်ရောက်လာပြီး    ကျေးရွာအတွင်းရှိ နေအိမ် ၁၀ လုံးအား မီးရှို့ဖျက်ဆီးပြီး တမုတ်ကျေးရွာ ၏ အရှေ့မြောက်ဘက်ရှိ ရှားလင်းကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကျေးရွာနေ ဒေသခံအပြစ်မဲ့ပြည်သူ များအား  “ဒလန်”ဟု   စွပ်စွဲကာ  သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။ သတင်းစဉ်