စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကလေးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ  ဇွန်  ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်   ဦးမြတ်ကျော်သည်   တိုင်း ဒေသကြီး      အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊   ခရိုင်/မြို့နယ်   စီမံအုပ်ချုပ် ရေး     အဖွဲ့ဥက္ကဋ္ဌများ၊     တာဝန် ရှိသူများနှင့်အတူ  ဇွန်  ၂၅  ရက် မွန်းလွဲပိုင်းတွင်   ကလေးမြို့  အမှတ် (၃) အခြေခံပညာ အထက် တန်းကျောင်းခန်းမ၌    ကျင်းပ သော   ကလေး  ခရိုင်/   မြို့နယ် ပညာရေးမှူးများ၊  ကျောင်းအုပ် ကြီးများ၊    ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့     တက် ရောက်ရာ    ခရိုင်ပညာရေးမှူးက ခရိုင်အတွင်းရှိ      မြို့နယ်များ၌ အခြေခံပညာ       ကျောင်းများ ဖွင့်လှစ်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ  ကျောင်းအပ်နှံမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်ပညာရေးမှူး ထံ    ထောက်ပံ့ငွေများပေးအပ်ပြီး    ခရိုင်အတွင်းရှိ     မြို့နယ်များ၌  အခြေခံပညာကျောင်းများ     ဖွင့် လှစ်ထားရှိမှုနှင့်    ကျောင်းသား ကျောင်းသူများ   ကျောင်းအပ်နှံမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ    အပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်      ဖြည့်ဆည်းပေါင်းစပ်    ဆောင်ရွက်ပေးခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများကို   ရင်း ရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ နှင့်  တွေ့ဆုံရာ  ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးက     ခရိုင်/ မြို့နယ်များ အတွင်း သီးနှံများစိုက်ပျိုးထားရှိမှု အခြေအနေများနှင့်    ပတ်သက်၍  ရှင်းလင်းတင်ပြပြီး  ခရိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်း     ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက မိမိတို့ ဆောင်ရွက်နေသည့်   လုပ်ငန်း များနှင့်ပတ်သက်၍        ရှင်းလင်း တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်       တိုင်း ဒေသကြီးအဆင့်      ဌာနဆိုင်ရာများ က ခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ       အောင်မြင် ဖြစ်ထွန်းရေး    လုပ်ငန်းများနှင့် ပတ်သက်၍    ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။   ယင်းနောက် တိုင်းဒေသကြီး       ဝန်ကြီးချုပ်က ရှင်းလင်း    တင်ပြချက်များအပေါ် လိုအပ်သည်များကို   တာဝန်ရှိသူ များနှင့်     ဖြည်းဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    တာဝန်ရှိသူများ သည်      ကလေးမြို့     ချမ်းမြေ့ အောင်စည်ရပ်ကွက်     နတ်ရှင် နောင်  လမ်းပိုင်း(၂) ကို   အရှည်-  ပေ ၂၅၀၀၊  အကျယ်-၁၈ ပေ၊ ထု ၇     လက်မ     ကွန်ကရစ်လမ်း ခင်းကျင်းနေမှုကို    သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက် ၍        ရှင်းလင်းတင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး    ကွန်ကရစ် လမ်းကို        ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
 တိုင်းဒေသကြီး (ပြန်/ဆက်)