
မုံရွာ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ သိုင်း ဒိုင်လူကြီး/နည်းပြ သင်တန်း ဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပ ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီး များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့ သိုင်း ချစ်မြတ်နိုးသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာ စကား ပြောကြားရာတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြန်မာ့သိုင်းအားကစားနည်း ပိုမို ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာ့သိုင်း ဒိုင်လူကြီး/နည်းပြ သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ် ပါကြောင်း၊ မြန်မာ့သိုင်း အားကစားနည်းဟာ မြန်မာလူမျိုး တို့၏ ယဉ်ကျေးမှုနှင့်ယှဉ်တွဲလာ သည့် ရိုးရာအမွေအနှစ် ကိုယ်လုံ ပညာအားကစားနည်း တစ်ခုဖြစ် ပါကြောင်း၊ မြန်မာ့သိုင်းပညာကို သင်ကြားခြင်းဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ပြီး ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်လာ၍ စိတ်ပျော်ရွှင် လန်းဆန်းကာ ရောဂါဘယများ လည်း ကင်းဝေးစေမှာဖြစ်ပါ ကြောင်း၊ ယခုတက်ရောက်လာ သည့် သင်တန်းသား/ သင်တန်းသူ များသည် တိုင်းဒေသကြီးမှ အားကိုးအားထားပြုရသော ဒိုင် လူကြီးများ၊ ထူးချွန်ထက်မြက် သော မျိုးဆက်သစ်အားကစား သမားများ လေ့ကျင့်မွေးထုတ်ပေး နိုင်သော နည်းပြဆရာကောင်း များ၊ တိုင်းဒေသကြီး၏ဂုဏ်ကို မြန်မာ့သိုင်း အားကစားဖြင့် မြှင့်တင်နိုင်သူများ ဖြစ်ကြပါစေ လိုကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းနည်းပြများထံ ဂုဏ်ပြု ငွေ၊ အမှတ်တရလက်ဆောင်များ နှင့် သင်တန်းသား၊ သင်တန်းသူ များ ကိုယ်စားသင်တန်းသား တစ် ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက မြန်မာ့သိုင်း ဗန်တိုလက်နက်မဲ့၊ ဗန်ရှည်တုတ်၊ ဓား၊ကြိုးသရုပ်ပြသမှုအား ကြည့်ရှု အားပေးကြောင်း သတင်းရရှိ သည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)