စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မုံရွာမြို့၌ ကျောင်းအပ်နှံနေမှု ကြည့်ရှုအားပေး

မုံရွာ  မေ  ၃၀
စစ်ကိုင်းတိုင်းဒေသကြီး    ဝန်ကြီး ချုပ်     ဦးမြတ်ကျော်သည်    တိုင်း ဒေသကြီး     အစိုးရအဖွဲ့ဝင်များနှင့် အတူ မေ ၂၉ ရက်နံနက်ပိုင်းတွင် မုံရွာမြို့ အမှတ်(၂)  အခြေခံပညာ အထက်တန်းကျောင်း (အလုံ)  ၌ ကျောင်းအပ်လက်ခံနေမှုကို ကြည့်ရှု အားပေးသည်။
ဦးစွာ တိုင်းဒေသကြီး  ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅   ပညာသင်နှစ်     စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်း  နှင့် အခြေခံပညာအဆင့်အလိုက် ကျောင်းသား ကျောင်းသူများ စိတ် အေးချမ်းသာစွာဖြင့်     ကျောင်း အပ်နှံနေမှုများကို         လိုက်လံ ကြည့်ရှုအားပေးပြီး    တာဝန်ရှိသူ များနှင့်အတူ    ကျောင်းသုံးပုံနှိပ် စာအုပ်များ၊     ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊  ဘောပင်များ နှင့်   ခဲတံများကို     ကျောင်းသား ကျောင်းသူများထံ ထောက်ပံ့ပေး အပ်ကြပြီး  ကျောင်းသား မိဘများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများ သည် အဆိုပါကျောင်းဝင်းအတွင်း ရှိ   စိုက်ပျိုး/    မွေးမြူရေးအထက် တန်းကျောင်းသို့       ရောက်ရှိရာ သင်ထောက်ကူပစ္စည်းများ     ခင်း ကျင်းပြသထားရှိမှုများနှင့် အလျား  ပေ ၁၂၀၊ အနံ ပေ ၃၀၊ RC နှစ်ထပ် ကျောင်းဆောင်  အဆောက်အအုံ သစ်   တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း   သိရ သည်။ တိုင်းဒေသကြီး(ပြန်/ဆက်)