
မုံရွာ ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ တန်ဖိုးမြှင့် စားသောက်ကုန်သီးစုံအခြေခံယိုနှင့် အချိုရည်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း(၂/၂၀၂၄)ဖွင့်ပွဲ အခမ်း အနားကို ဇူလိုင် ၄ ရက်က စစ်ကိုင်းခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော် နှင့် မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် စီမံဆောင်ရွက် ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေး မျှော်မှန်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သင်တန်းသား သင်တန်းသူများ အနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများအား အသုံးချကာ မိမိနှင့်မိမိတို့မိသားစု၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်ရေး၊ မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရေးနှင့် ပြည်ပငွေစီးဆင်း မှု လျော့နည်း၍ နိုင်ငံ့စီးပွား အထောက်အကူပြုသည့် လုပ်ငန်းရှင်များ ဖြစ်လာကြစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများ အား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)