အယ်ဒီတာ့ အာဘော်
==========
အယ်ဒီတာ့ အာဘော်
==========
စစ်မှန်သည့်ညီညွတ်ရေးဆိုသည်မှာ . . .
========================
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့၌ ဖဆပလအဖွဲ့ချုပ်က ကြီးမှူးပြုလုပ်သော ပြည်လုံးကျွတ်ညီလာခံသဘင်ကြီး ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက "ညီညွတ်ရေး ဆိုတာဘာလဲ နားလည်ဖို့လိုတယ်။
ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသောရည်ရွယ်ချက်ရှိရမယ်။ ကျွန်တော်တို့ ညီညွတ် ရေးဆိုတာ ဘာအတွက်ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ် ရမှာလဲ။
ရည်ရွယ်ချက်ဆိုတာရှိရမယ်။ ညီညွတ်ရေးဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည် ရဲ့ တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမလဲ။ အဲဒီတော့ကာ ကျွန်တော်လိုချင်တဲ့ ညီညွတ်ရေးက တစ်တိုင်း ပြည်လုံး၊ လူတစ်မျိုးလုံးရဲ့လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့ အကျိုး၊ အဲဒီလို တူညီတဲ့ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ် ဒါတွေကိုရအောင်၊ အဲဒီလို တူညီတဲ့အကျိုး တိုင်းသူပြည်သားတွေရအောင် တူညီတဲ့အလုပ် လုပ်တဲ့ ညီညွတ်ရေးဖြစ်ရမယ်" ဟု ပြည်သူလူထုအား ရှင်းလင်းတင်ပြခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက စစ်မှန်သည့်ညီညွတ်ရေးကို ပွင့်ပွင့်လင်းလင်း ရှင်းရှင်းပြတ်ပြတ် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်မှန်သောညီညွတ် ရေးကို တည်ဆောက်နိုင်ခဲ့သဖြင့် အင်အားတောင့်တင်းခိုင်မာသော ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ကြီးများကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့သည်။ စည်းလုံးညီညွတ်မှုအားနည်း သောအခါ၊ စည်းလုံးညီညွတ်မှု မမှန်ကန်သောအခါ တိုင်းပြည်ယိုယွင်း ပျက်စီးခြင်းသို့ရောက်ရသည်။ အမြော်အမြင်ကြီးမားသော နိုင်ငံခေါင်းဆောင် များက ပျက်စီးယိုယွင်းသောနိုင်ငံတော်ကို စစ်မှန်သောစည်းလုံးညီညွတ်မှုဖြင့် ပြန်လည်တည်ဆောက်ကာ စည်းလုံးညီညွတ်သော နိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ သူ့ကျွန်ဘဝသို့ကျရောက်ပြီးနောက် တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် မျိုးချစ်ခေါင်းဆောင်များ၏ဦးဆောင်မှုဖြင့် စည်းလုံး ညီညွတ်မှုကို ခိုင်မြဲစွာတည်ဆောက်ကာ နယ်ချဲ့ရန်ကို တွန်းလှန်ခဲ့ကြ သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် ကိုလိုနီနယ်ချဲ့စနစ် ပျက်ပြုန်းလာပြီး နိုင်ငံများအား လွတ်လပ်ရေးပေးရတော့မည့် အချိန် ရောက်လာသောအခါ တစ်ချိန်က မျိုးချစ်ခေါင်းဆောင်တချို့၊ အမျိုးသား ခေါင်းဆောင်တချို့သည် အယူအဆနှင့် ခံယူချက်တို့အပေါ်မူတည်၍ မြန်မာ နိုင်ငံတွင် အခိုင်အမာရှိခဲ့ပြီးသော စည်းလုံးညီညွတ်မှုကို တလွဲညီညွတ်မှု အဖြစ်သို့ ပြောင်းလဲလိုက်ကြသည်။
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက စစ်မှန်သောစည်းလုံးညီညွတ်မှု နှင့် မမှန်ကန်သောစည်းလုံးညီညွတ်မှုတို့ကို ရှင်းလင်းပြတ်သားစွာ ကွဲကွဲ ပြားပြားသိနိုင်အောင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးမရမီက တက်တက်ကြွကြွ စည်းစည်းလုံးလုံး ကြိုးပမ်းအားထုတ်ခဲ့ကြသော နိုင်ငံရေး ခေါင်းဆောင်တချို့တို့သည် လွတ်လပ်ရေး ဧကန်မုချရတော့မည်ကို သိရှိကြပြီးသောအခါ ဗိုလ်ချုပ်အောင်ဆန်းပြောသကဲ့သို့ ရာထူးအာဏာ ရရေးအတွက် အားထုတ်ကြသူတို့ကတစ်မျိုး၊ အခွင့်အရေးအကျိုးစီးပွား မျှော်မှန်းကြသူများကတစ်နည်း၊ သင်းဖွဲ့ ဂိုဏ်းဂဏစုဖွဲ့၍ ထင်ရာစိုင်းချင် သူတို့ကတစ်ဖုံ အမျိုးမျိုးအဖုံဖုံ၊ အကွဲကွဲအပြားပြားဖြင့် တစုတစည်းတည်း ရှိသောညီညွတ်မှုအား ဖြိုဖျက်ခဲ့ကြသည်ကို သမိုင်းတွင်တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့်လည်း တိုင်းပြည်မှာ မဖွံ့ဖြိုး၊ မငြိမ်းချမ်းသေးဘဲ သူတစ်ပါး နောက် ရောက်နေကြရ သည်။ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းသော၊ အလိုရှိ သော ညီညွတ်ရေးဆိုသည်မှာ တစ်တိုင်းတစ်ပြည်လုံး၊ တိုင်းရင်းသား ပြည်သူအားလုံးအတွက် လွတ်လပ်ရေး၊ တစ်မျိုးသားလုံးအတွက် အကျိုး စီးပွား၊ တစ်မျိုး သားလုံးအတွက် တူညီသောရည်ရွယ်ချက်၊ တူညီသည့်အလုပ်၊ တူညီသည့် အကျိုးခံစားမှုများ မျှဝေခံစားရရှိနိုင်မည့် ညီညွတ်ရေးဖြစ်သည်ကို သတိမူ ရှုမြင်ကြရမည်ဖြစ်ပါကြောင်း။ ။
. .

Remark Type