စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ် ရေကြီးမှုအခြေအနေ

 

နေပြည်တော်   ဩဂုတ်   ၁
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင်  ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ) အထက်သို့ ငါးပေခွဲခန့် (၁၆၉ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး   ယင်းမြို့၏   စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၂ ဒသမ ၉၇ ပေ (၇၀၀ စင်တီမီတာ) အထက်သို့  နှစ်ပေခန့် (၆၂ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ပဲခူးမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒသမ ၈၇ ပေ (၈၈၀ စင်တီ မီတာ) အထက်သို့ သုံးပေကျော်ခန့် (၉၆ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခန့်  ကျဆင်းလာနိုင်ပြီး   ယင်းမြို့၏   စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေ (၇၅၀ စင်တီမီတာ) အထက်သို့  လေးပေခန့် (၁၂၂ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင်  ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ) အထက်သို့ တစ်ပေကျော်ခန့် (၃၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်  နောက်တစ်ရက် အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ  ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၀ ဒသမ ၃၄ ပေ (၆၂၀ စင်တီမီတာ) အထက်သို့ နှစ်ပေခန့် (၆၃ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ပုသိမ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၁ ဒသမ ၄၈ ပေ (၃၅၀ စင်တီ မီတာ) အထက်သို့ တစ်ပေခန့် (၂၅ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် မြင့်တက် လာနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍   ရွှေကျင်မြို့နယ်၊    ပဲခူးမြို့နယ်၊   ဘားအံမြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ မဒေါက်မြို့နှင့် ငါးသိုင်းချောင်းမြို့ အတွင်းရှိ    မြစ်ကမ်းအနီးနှင့်   မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။             
   မိုး/ဇလ